ဇာတ်ကားများ ရွေးရန်

Bangsal Isolasi

2024ဇာတ်ကားအမှတ် 5.0/1076 မိနစ်

Bangsal Isolasi ( 2024 ) အမှန်တရား IMDb – 6.3/10 ဒီတစ်ခါတော့ အင်ဒိုနီးရှား ထောင်ကားအကြမ်းစားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဝင်နီဟာ ဆေးမှုသံသယရှိသူအနေနဲ့ ရာတူ အက်ဒေး အကျဉ်းထောင်ထဲကို ရောက်လာပါတယ်။ ထောင်ဆိုတဲ့အတိုင်းပဲ အမှုမျိုးစုံနဲ့ရောက်လာကြတဲ့ ဇိုးလေးတွေ အကုန်စုနေကြတဲ့နေရာပေါ့။ ဝင်နီနဲ့ တစ်ခန်းတည်းနေရမဲ့ ထောင်အခန်းဖော်ကတော့ ယန်တီလို့ခေါ်တဲ့ တစ်ယောက်ပါ။ ယန်တီက လောလောဆယ် ပေါင်းသင်းကြည့်ရသလောက်တော့ ထောင်အကြောင်း ထောင်မှူးအကြောင်းတွေပြောပြပေး ကူညီပေးနဲ့ မိတ်ဆွေကောင်းတစ်ယောက်လိုပါပဲ။ ဒီထောင်မှာ ပဟေဠိအဆန်ဆုံးသော အခန်းတစ်ခန်းလည်းရှိပါသေးတယ်။ အဲဒါက သီးသန့်ထောင်လို့ခေါ်တဲ့ ဝင်နီတို့နားလေးက အခန်းပါ။ ညညဆိုရင် အဲဒီအခန်းကနေ အော်ညည်းသံတွေကြားနေရပြီး သီးသန့်ထောင်အကြောင်း ကောလာဟလတွေကလည်း မဆုံးနိုင်အောင်ပါပဲ။ ဝင်နီတစ်ယောက် တကယ်ပဲ အပြစ်ကျူးလွန်ခဲ့လို့ ထောင်ထဲကိုရောက်လာတာဖြစ်မလား။ ဒီထောင်ကိုလာရတဲ့ သူ့ရည်ရွယ်ချက်က ဘာဖြစ်နေမလဲ။ အဆုံးမှာ သူလိုချင်နေတဲ့အဖြေတွေကို ရသွားမလားဆိုတာတော့… (ဘာသာပြန်နဲ့အညွှန်းကတော့ Eaindra ~ ToMo ~ KKKZ ~ Yunni တို့ပဲဖြစ်ပါတယ်) File size…898 MB / 476 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Eaindra ~ ToMo ~ KKKZ ~ Yunni

ဇာတ်လမ်းအကြောင်း