ဇာတ်ကားများ ရွေးရန်

Catherine Called Birdy

2022ဇာတ်ကားအမှတ် 6.3/10108 မိနစ်

အင်္ဂလန်အလယ်ခေတ်မှာ ဘာဒီလို့ ချစ်စနိုးခေါ်ကြတဲ့ အသက်ဆယ့်လေးနှစ်အရွယ် ကတ်သရင်းဟာ သခင်ရိုလိုနဲ့ လေဒီအက်ရှ်လင်းတို့ရဲ့ တစ်ဦးတည်းသော သမီးပါ။ သူ့မှာ အက်ဒဝပ်နဲ့ ရောဘတ်ဆိုတဲ့ အစ်ကိုနှစ်ယောက်လည်း ရှိပါတယ်။ စီးပွားကျနေတဲ့ စံအိမ်သခင်ရိုလိုက ဘေးစကားတွေကို နားယောင်ပြီး ခေတ်ထုံးစံအတိုင်း သမီးကို သူဌေးတစ်ယောက်နဲ့ ပေးစားဖို့ ကြံနေတယ်။ ကလေးသာသာရှိသေးတဲ့ ဘာဒီကတော့ အိမ်ထောင်ပြု၊ ကလေးမွေးရမယ့်အရေးကို ကြောက်နေသူပါ။ ဒါကြောင့် လာပိုးပန်းသူတွေကို နည်းမျိုးစုံနဲ့ လန့်ပြေးအောင် လုပ်တယ်။ အဖေက ရိုက်နှက်ပေမဲ့လည်း အလျှော့မပေးသလို သူအပျိုဖြစ်လာတာကိုပါ ဖုံးကွယ်ထားခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ သူ့အဘိုးအရွယ်လောက်ရှိတဲ့ သခင်ကြီးတစ်ယောက်ကို လက်ထပ်ရမယ့် အခြေအနေ ဖြစ်လာတော့တယ်။ ဦးလေးဂျော့ဂ်ျက သူ့ကို ကယ်ပေးနိုင်မယ်လို့ ဘာဒီ ထင်ထားပေမဲ့ မျှော်လင့်သလို ဖြစ်မလာပါဘူး။ ဘဝအပြောင်းအလဲတွေကို သူဘယ်လိုရင်ဆိုင်မလဲဆိုတဲ့အကြောင်းကနေ အဲဒီခေတ်က ကျားမခွဲခြားမှုနဲ့ မိန်းကလေးတွေကို ရောင်းကုန်လို သဘောထားမှုတွေကို ဟာသ၊ ဒရမ်မာရောပြီး ပြထားပါတယ်။ ဘာဒီအဖြစ် Bella Ramsey သရုပ်ဆောင်ထားပြီး Sherlock စီးရီးမှာ ဂျင်မ်မိုရီရာတီအဖြစ် ပါဝင်ခဲ့တဲ့ Andrew Scott လည်း ဒီကားမှာ ပါဝင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း