Lucky Lakshman
ချစ်သူနဲ့ ကွဲသွားပြီးနောက် အမှတ်တရတွေကို ဆက်ထိန်းထားချင်လို့ ကော်ဖီဆိုင်ကြီးတစ်ဆိုင်ကို ဝယ်ချင်နေတဲ့ ကောင်လေးတစ်ယောက်နဲ့ ဇာတ်လမ်းစထားပါတယ်။ Mokksha ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီလူငယ်အချစ်ဇာတ်လမ်းက အလယ်အလတ်မိသားစုမှာ ကြီးပြင်းလာတဲ့ လက်ရှ်မန်ရဲ့အကြောင်းကို ပြောပြထားတာပါ။ ငယ်ငယ်က လိုချင်တာတွေ မရခဲ့တာကြောင့် လက်ရှ်မန်ဟာ ရည်မှန်းချက်ကြီးကြီးထားပြီး စာကိုပဲ အသည်းအသန် ကြိုးစားနေခဲ့တယ်။ အထက်တန်းကျောင်းသားဘဝမှာ မိန်းကလေးတစ်ယောက်ကြောင့် ရုံးခန်းရောက်ဖူးတော့ တက္ကသိုလ်အထိ မိန်းကလေးတွေနဲ့ ဝေးဝေးနေခဲ့ပါတယ်။ ဒါပေမယ့် တက္ကသိုလ်တက်တဲ့ ပထမနေ့မှာပဲ စီနီယာတွေက အနိုင်ကျင့်ခိုင်းလို့ လူကြိုက်များတဲ့ ဆယ်ရာ့ကို ရည်းစားစကား သွားပြောရတော့တယ်။ အရင်လို ရုံးခန်းရောက်ပြီး ကျောင်းထုတ်ခံရမှာကို ကြောက်နေပေမယ့် ဆယ်ရာက သူထင်ထားသလို မတုံ့ပြန်ခဲ့ပါဘူး။ အဲဒီကနေ နှစ်ယောက်သား ရင်းနှီးတဲ့သူငယ်ချင်းတွေ ဖြစ်သွားကြပါတယ်။ သူငယ်ချင်းအဖြစ်ကနေ သူတို့ဆက်ဆံရေး ဘယ်လိုပြောင်းလဲသွားမလဲ၊ လက်ရှ်မန်ရဲ့ ငယ်ဘဝအိပ်မက်တွေ အကောင်အထည်ပေါ်လာမလား၊ ဇာတ်လမ်းအစမှာ သူအသည်းကွဲနေရတဲ့ အကြောင်းက ဘာလဲဆိုတာကို ဆက်ပြောပြထားပါတယ်။
ဇာတ်လမ်းအကြောင်း