Rosaline
ရှိတ်စပီးယားရဲ့ ရိုမီယိုနဲ့ ဂျူးလိယက်အကြောင်းကို ဒီတစ်ခါ ရိုမီယိုရဲ့ ရည်းစားဟောင်း ရိုဆာလင်းဘက်ကနေ ပြောပြထားပါတယ်။ ရိုမီယိုက ရိုဆာလင်းကို ချစ်လှပါချည်ရဲ့ဆိုပြီး ကဗျာတွေ၊ စာတွေနဲ့ ပိုးပန်းခဲ့ပေမယ့် တစ်နေ့မှာတော့ ရုတ်တရက် ပျောက်သွားတယ်။ ရိုဆာလင်းက သူ့နောက်ကို လိုက်ချောင်းကြည့်တော့ ကိုယ့်ကိုပိုးပန်းခဲ့တဲ့ နည်းတွေအတိုင်း နောက်တစ်ယောက်ကို ပိုးပန်းနေတာ တွေ့လိုက်ရပါတယ်။ ပိုဆိုးတာက ရိုမီယိုရဲ့ ချစ်သူအသစ်ဟာ ရိုဆာလင်းရဲ့ ဝမ်းကွဲညီမ ဂျူးလိယက် ဖြစ်နေတာပါ။ မခံချိမခံသာဖြစ်နေတဲ့ ရိုဆာလင်းက ရိုမီယိုကို ပြန်ရဖို့ အကြံတွေထုတ်တော့တယ်။ တစ်ဖက်မှာလည်း ဝမ်းကွဲညီမကို ရိုမီယိုနဲ့ ဝေးသွားအောင် ကြိုးစားပါတယ်။ ဟာသနှောထားတဲ့ ဒီအချစ်ဇာတ်လမ်းမှာ ရိုဆာလင်းရဲ့ အကြံတွေ အောင်မြင်မလား၊ ရိုမီယိုတို့ရဲ့ ဇာတ်လမ်းက မူရင်းအတိုင်းပဲ အဆုံးသတ်သွားမလားဆိုတာ စောင့်ကြည့်ရမှာပါ။
ဇာတ်လမ်းအကြောင်း