ဇာတ်ကားများ ရွေးရန်

Family Gbese

2024ဇာတ်ကား89 မိနစ်

Family Gbese (2024) IMDb Rating (3.4) Family Gbese က ဒါရိုက်တာ Michelle Bello ရိုက်ကူးပြီး Chinaza Onuzo ရေးသားခဲ့တဲ့ Nigerian ဟာသဇာတ်လမ်းပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းက မိသားစုအပေါ် သစ္စာရှိမှု၊ ရည်မှန်းချက်နဲ့ ကိုယ်ရဲ့ဆန္ဒနဲ့ မိသားစုဝတ္တရားနှစ်ခု ဆန့်ကျင်လာတဲ့အခါ ပေါ်ပေါက်လာတဲ့ ကိုယ်ကျင့်တရားအကျပ်ရိုက်မှုတွေကို ပေါ်လွင်အောင် ရိုက်ကူးထားပါတယ်။ Plot summary: အောင်မြင်နေတဲ့ လူငယ်တစ်ဦးဖြစ်တဲ့ Nnamdi Nwagba ရဲ့ ဘဝက လောင်းကစားစွဲနေတဲ့ သူ့အစ်ကို Gozie ရဲ့ အကြွေးတွေကြောင့် နှောင့်ယှက်မှုကိုခံခဲ့ရတယ်။ အန္တရာယ်များတဲ့ လူဆိုးဂိုဏ်းမှာတင်နေတဲ့ Gozieရဲ့ အကြွေးတွေကြောင့် Nnamdi သူ့မိသားစုကို ကာကွယ်ဖို့နဲ့ သူနဲ့စေ့စပ်ထားတဲ့ အစိုးရဘက်ကချစ်သူနဲ့ ဆက်ဆံရေးကိုထိန်းသိမ်းဖို့ကြား အကျပ်ရိုက်ခံရပါတော့တယ်။ ​ မိသားစုရှုပ်ထွေးမှုတွေနဲ့ သစ္စာရှိမှုကြောင့် စတေးရမဲ့အရာတွေပေါ်ပေါက်လာပြီး Nnamdi ဘယ်အရာတွေကို ရွေးချယ်ကာကွယ်သွားမလဲဆိုတာ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ "Family Gbese" က mixed reviews တွေ ရထားပြီး Imdb မှာတော့ 3.9 out of 10 ရထားပါတယ်။ Critics တွေက ဒီဇာတ်လမ်းဟာ Nigerian ယဥ်ကျေးမှုအတွင်းက ဆက်စပ်မှုရှိတဲ့အကြောင်းအရာတွေကို ရိုက်ကူးထားပေမဲ့ မှန်းဆရလွယ်တယ်လို့ မှတ်ချက်ချထားပါတယ်။ NollyCritic က ဒီဇာတ်လမ်းမှာ Technical flaws လေးတွေ အနည်းငယ်ရှိပြီး ဇာတ်လမ်းက comedy ဘက်သွားမလား serious ဘက်သွားမလား တစ်သမတ်တည်းမရှိဘူးလို့ ဝေဖန်ထားပါတယ်။ ​ဒီလို mixed reviews တွေရထားပေမဲ့ "Family Gbese" က commercial အရတော့ အတော်လေးအောင်မြင်ခဲ့ပါတယ်။ ရုပ်ရှင်စထွက်တဲ့ ပထမနှစ်ပတ်မှာပဲ ₦28 million ( $36,000 ဝန်းကျင်) ကျော်ရထားပြီး ပရိသတ်စိတ်ဝင်စားမှုကို အများအပြားရထားပါတယ်။ စာရေးသူအနေနဲ့တော့ ​Nigerian တွေရဲ့ လူမှုစံနှုန်းတွေကြားက မိသားစုပြဿနာကို ​အခွီတွေနဲ့ရိုက်ကူးထားတဲ့ ကြည့်ပျော်စရာ ဟာသဇာတ်လမ်းကောင်းတစ်ပုဒ်လို့ မြင်မိပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.8 GB) / (750 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama Duration….01:28:41 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

ဇာတ်လမ်းအကြောင်း