ဇာတ်ကားများ ရွေးရန်

All Eyes

2022ဇာတ်ကားအမှတ် 5.5/1087 မိနစ်

သရဲအကြောင်းနဲ့ သည်းထိတ်ရင်ဖိုဖြစ်ရပ်တွေကို Podcast မှာ အင်တာဗျူးတင်ဆက်နေတဲ့ အမျိုးသားတစ်ယောက်ရှိပါတယ်။ တစ်နေ့မှာ သူက တစ်ယောက်ယောက်ရဲ့ နောက်ယောင်ခံလိုက်တာကို ခံနေရတယ်လို့ ထင်နေသူတစ်ဦးကို အင်တာဗျူးလုပ်မိတယ်။ အဲဒီလူက သူ့နောက်လိုက်နေသူကို ဖမ်းမိပြီ၊ သတ်ပစ်မယ်လို့ ပြောပြီး တကယ်လည်း လူသတ်မှုကျူးလွန်လိုက်ပါတယ်။ အစီအစဉ်တင်ဆက်သူဟာ ဒီဖြစ်ရပ်အတွက် အပြစ်တင်ခံရပြီး အလုပ်ပြုတ်သွားလို့ အစီအစဉ်ပြန်စနိုင်ဖို့ ဇာတ်လမ်းကောင်းတစ်ပုဒ်ကို ရှာနေရတော့တယ်။ အဲဒီအချိန်မှာ သူ့ဆီပို့ထားတဲ့ စာတစ်စောင်ကို ဖတ်မိသွားပါတယ်။ ဒေါ်လာနှစ်သောင်းခွဲတန် ချက်လက်မှတ်ပေးပြီး သတ္တဝါကြီးတစ်ကောင်ကို သတ်မယ့်အဖြစ်အပျက် လာကြည့်ဖို့ ဖိတ်ထားတဲ့ အဘိုးကြီးတစ်ယောက်ရဲ့စာပါ။ အဘိုးကြီးအဆိုအရ အဲဒီသတ္တဝါဟာ တစ်ကိုယ်လုံး မျက်လုံးတွေနဲ့ ပြည့်နေတယ်။ သူက အဘိုးကြီးကို အင်တာဗျူးရင်း သတ္တဝါကို သတ်မယ့်အဖြစ်အပျက်ကိုပါ သွားကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဘိုးကြီးပြောတဲ့ သတ္တဝါကို တကယ်မြင်ရမလား၊ အဲဒါက ဘယ်လိုဖြစ်လာတာလဲ၊ အဘိုးကြီးကရော ဘယ်လိုလူလဲ၊ ဘာကြောင့် ဒီသတ္တဝါကို သတ်ချင်နေတာလဲဆိုတာတွေကို သူ စူးစမ်းရတော့မှာပါ။

ဇာတ်လမ်းအကြောင်း