The Wonder Weeks
ကလေးယူဖို့နဲ့ ကိုယ်ဝန်ဆောင်ဖို့ ပြင်ဆင်ထားကြပေမယ့် ကလေးမွေးပြီးနောက် ကြုံလာရမယ့် အခြေအနေတွေကိုတော့ ကြိုမှန်းထားဖို့ မလွယ်ပါဘူး။ ညဘက် ကလေးထငိုလို့ မအိပ်ရတာ၊ ကလေးက မဆော့မကစားဘဲ နေနေတော့ ဘာဖြစ်လို့လဲဆိုပြီး ပူရတာမျိုးတွေပေါ့။ နေကောင်းရဲ့လား၊ အစားဝင်ရဲ့လား၊ ဒီအရွယ်မှာ ဒီလိုဖြစ်တာ ပုံမှန်ပဲလားဆိုတဲ့ မိဘတွေရဲ့ စိုးရိမ်မှုတွေကို ဒီဇာတ်ကားမှာ မိသားစုသုံးစုနဲ့ ပုံဖော်ထားပါတယ်။ ပထမမိသားစုက မေမေဟာ အစိုးရိမ်ကြီးပြီး စည်းစနစ်လည်း ကျလွန်းသူပါ။ ကလေးရဲ့ အိပ်ချိန်၊ စားချိန်ကအစ အချိန်ဇယားနဲ့ ထိန်းကျောင်းနေကြပေမယ့် သမီးလေး အဝလွန်လာတဲ့ ပြဿနာကို ရင်ဆိုင်ကြရတယ်။ ဒုတိယမိသားစုမှာတော့ အဖေဘက်က ဓလေ့တစ်မျိုး၊ အမေဘက်က ဓလေ့တစ်မျိုးနဲ့ မတူကြတာကြောင့် ကလေးထိန်းရင်း ဗျာများနေကြပါတယ်။ တတိယမိသားစုကတော့ မေမေနှစ်ယောက်နဲ့ ဖေဖေတစ်ယောက် ရှိတဲ့မိသားစုပါ။ ဖေဖေက ဗရုတ်ကျတတ်ပြီး မေမေတစ်ယောက်ကလည်း တစ်ယူသန်ဖြစ်နေတယ်။ ဒီမိသားစုသုံးစုက ကိုယ့်ကလေးကိုယ် အစွမ်းကုန် ထိန်းကျောင်းရင်း နေ့စဉ်ကြုံလာရတာတွေကို ဘယ်လိုဖြတ်သန်းကြမလဲဆိုတာ ဆက်ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း