ဇာတ်ကားများ ရွေးရန်

The Unrighteous

2024ဇာတ်ကားအမှတ် 4.0/1086 မိနစ်

The Unrighteous (2024) IMDb... 6.5 ဘာသာ​ရေးကိုအ​ကြောင်းပြုတဲ့ တရားမဝင်ပြစ်မှု​​အ​ကြောင်းကို ရိုက်ကူးပြသထားတဲ့ The Unrighteous ဂျူဟျွန်း (Lee Hyun-Woo) က ဝန်း​ဂျောင်းဗီလာလို့​ခေါ်တဲ့ ​တိုက်ခန်း​ဟောင်း​ ​သေး​သေးလေးမှာ ​ ​နေမ​ကောင်းဖြစ်​နေတဲ့အ​မေ၊ တူမ​လေးနဲ့ အတူတူနေထိုင်​နေတဲ့သူပါ။ ဘဏ်တစ်ခုရဲ့ လုံခြုံ​ရေးဝန်ထမ်းအဖြစ် လုပ်ကိုင်​​နေပြီး တစ်ချိန်တည်းမှာပဲ လိုင်စင်ရအိမ်ပွဲစားဖြစ်ဖို့ ပြင်ဆင်​နေသူလည်းဖြစ်တယ်။ အိမ်နီးနားချင်း​တွေနဲ့လည်း အဆင်​ပြေ​ပြေ ဆက်ဆံတတ်တဲ့သူဖြစ်​ပေမဲ့ ရှင်းဟယ် (Moon Jeong-Hee) လို့​ခေါ်တဲ့ အ​​ပေါ်ထပ်အိမ်က အမျိုးသမီးနဲ့​တော့ ဆက်ဆံ​ရေးမ​ပြေလည်ခဲ့ပါဘူး။ တစ်​နေ့မှာ ဂျူဟျွန်းက ရှင်းဟယ်ရဲ့ ​စာတိုက်ပုံးထဲကို ဘုရား​ကျောင်းတစ်ခုရဲ့ လက်ကမ်းစာ​စောင်ကို ထည့်ခဲ့ပါတယ်။ ရှင်းဟယ်ကလည်း ​နေမ​ကောင်းဖြစ်​နေတဲ့သားဖြစ်သူ​ကြောင့် ဘုရား​ကျောင်းရဲ့ ယုံကြည်သူဖြစ်လာပြီး အလွန်အမင်းအစွန်း​ရောက်လာခဲ့ပါတယ်။ အဲဒီ​နောက်မှာ​တော့ ဝန်း​ဂျောင်းဗီလာတစ်ခုလုံးနဲ့ ဂျူဟျွန်းမိသားစုပါ အစွန်း​ရောက်ယုံကြည်သူ​တွေ​ကြောင့် အန္တရာယ်ကျ​ရောက်လာ​သောအခါ... ဂျူဟျွန်းတစ်​ယောက် ဘယ်လို​တွေ ရင်ဆိုင်​ဖြေရှင်းပြီး ရုန်းထွက်သွားမလဲဆိုတာ ကြည့်ရှုလိုက်ရ​အောင်ပါ။ (ဇာတ်လမ်းအညွှန်းကိုတော့ Stary မှ ရေးသားပေးထားပါတယ်။) File Size : 1.11GB/ 440MB Quality : WEB-DL 1080p/ WEB-DL 720p Format…mp4 Duration…01:47:00 Genre : Thriller, Mystery, Horror Subtitle : Myanmar Subtitle (Hard Sub) Translated by Stary, Treasure Htet & Miri Encoded by Tiff

ဇာတ်လမ်းအကြောင်း