ဇာတ်ကားများ ရွေးရန်

Quaid-e-Azam Zindabad

2022ဇာတ်ကားအမှတ် 8.0/10143 မိနစ်

ရဲတွေကြားမှာ ဘယ်သူက လာဘ်ငွေပိုရသလဲလို့တောင် ပြိုင်နေကြပေမယ့် ဂူလတ်ရဲ့အဖေကတော့ တစ်ရူပီတောင် လာဘ်မယူတဲ့ ရဲသားတစ်ယောက်ပါ။ ရိုးရိုးသားသား အလုပ်လုပ်တဲ့ သူ့မိသားစုက ငွေကြေးသိပ်မပြေလည်ဘူး။ ဂူလတ်ငယ်ငယ်က အဖေက ဆုံးမဖူးတယ်။ ပိုက်ဆံကို အလွဲသုံးစားလုပ်ရင် ငွေစက္ကူပေါ်က ခေါင်းဆောင်ကြီး စိတ်ဆိုးလိမ့်မယ်တဲ့။ ဒီစကားက မုန့်ဖိုးမပေးချင်လို့ ပြောတာမှန်း သိသွားတဲ့နောက် ဂူလတ်ရဲ့အတွေးတွေဟာ အဖေမျှော်လင့်သလို ဖြစ်မလာတော့ပါဘူး။ ကြီးလာလို့ ရဲဖြစ်တဲ့အခါ အဖေ့ရှေ့မှာသာ ရိုးသားချင်ယောင်ဆောင်ပြီး ဌာနမှာတော့ လာဘ်ငွေယူနေတယ်။ ရာထူးတိုးသွားရင် လာဘ်ငွေမရတော့မှာ စိုးလို့ ရာထူးမတိုးအောင်တောင် ငွေပေးတားထားတဲ့အထိပါပဲ။ ဒါပေမယ့် တစ်နေ့မှာ အဖေပြောခဲ့တဲ့စကားက တကယ်ဖြစ်လာသလို ဂူလတ် လာဘ်ယူထားတဲ့ ငွေစက္ကူတွေမှာ ထူးဆန်းတာတွေ ဖြစ်လာပါတယ်။ ဒီကျိန်စာကို သူဖြေနိုင်ပါ့မလား။ အက်ရှင်နဲ့ဟာသ ရောစပ်ထားတဲ့ ဒီဇာတ်ကားမှာ Mahira Khan က တိရစ္ဆာန်ဆရာဝန်အဖြစ် ပါဝင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း