The Possession
ဘတ်စကတ်ဘောနည်းပြ ကလိုက်ဒ်နဲ့ ဇနီးဖြစ်သူ စတက်ဖနီတို့ ကွာရှင်းလိုက်ကြပြီး ကလေးနှစ်ယောက်ကို ကလိုက်ဒ်က ခေါ်သွားပါတယ်။ အိမ်ပြောင်းလာတဲ့ သားအဖသုံးယောက်ဟာ ခြံဝန်းတစ်ခုမှာ ပစ္စည်းအဟောင်းတွေ ရောင်းနေတာတွေ့လို့ လိုအပ်တာတွေ ဝင်ဝယ်ကြတယ်။ အဲဒီမှာ သမီးငယ် အမ်မလီ မျက်စိကျသွားတာက ရှေးဟောင်းသေတ္တာတစ်လုံးပါ။ သေတ္တာအဖုံးပေါ်မှာ ဟီဘရူးဘာသာနဲ့ မဖွင့်ဖို့၊ ဖွင့်ရင် သေတတ်တယ်လို့ သတိပေးထားတယ်။ အမ်မလီကတော့ သေတ္တာကို ဖွင့်နိုင်သွားပြီး နောက်ပိုင်းမှာ ရုတ်တရက် ပြောင်းလဲလာပါတယ်။ သေတ္တာထဲမှာ ဘာရှိနေတာလဲ၊ ပြောင်းလဲသွားတဲ့ အမ်မလီကို မိသားစုက ကယ်နိုင်ပါ့မလားဆိုတာကို ဆက်ပြထားတဲ့ ၂၀၁၂ ခုနှစ်ထွက် သည်းထိတ်ရင်ဖိုရုပ်ရှင်ပါ။ ကလိုက်ဒ်အဖြစ် Walking Dead နဲ့ Grey’s Anatomy တို့မှာ ပါဝင်ခဲ့တဲ့ Jeffrey Dean Morgan က သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း