ဇာတ်ကားများ ရွေးရန်

Benji

2018ဇာတ်ကားအမှတ် 6.9/1087 မိနစ်

အမေရိကမှာ ဘန်ဂျီကအချစ်ခံဆုံးခွေးဖြစ်ခဲ့ဖူးတဲ့အချိန်တစ်ခုရှိ​ပါတယ်။ ဘန်ဂျီဇာတ်ကားအနေနဲ့ ၁၉၇၄ မှာစတင်ထွက်ရှိခဲ့ပြီး ၂၀၀၄ အထိ ငါးကားထွက်ရှိခဲ့ပါတယ်။ အဲဒီနောက် ဆယ်စုနှစ်တစ်ကျော်အကြာ ၂၀၁၈ မှာတော့ Netflix ကနေ ယခုဘန်ဂျီဇာတ်ကားဟာ Rebootအနေနဲ့ထွက်ရှိလာပါတယ်။ ဘန်ဂျီဟာ ချစ်စရာကောင်းတဲ့အပြင် လူတစ်ယောက်နီးပါးအသိဉာဏ်ရှိပါတယ်။ ဘန်ဂျီဟာ ငယ်ငယ်တည်းက သူ့မိသားစုနဲ့ကွဲသွားပြီး လမ်းပေါ်မှာပဲရှင်သန်ကြီးပြင်းခဲ့ရပါတယ်။ တစ်နေ့မှာတော့ကာတာဆိုတဲ့ကောင်လေးဟာ ကျောင်းကနေအိမ်အပြန်လမ်းမှာ ဘန်ဂျီကိုတွေ့တွေ့နေရာကနေ စတော်ဘယ်ရီသီးနဲ့အိမ်ကိုမျှားခေါ်ခဲ့ပါတယ်။ အဲဒီကနေ ဘန်ဂျီကိုအိမ်မှာသူအမေမသိအောင်​ခိုးမွေးရာကနေ ဘန်ဂျီဇာတ်လမ်းလေးဖြစ်လာခဲ့ပါတယ်။ အဖေမရှိတော့တဲ့ ကာတာနဲ့ဖရန်ကီတို့မောင်နှမဟာ သူတို့အမေ မစ်ဟျူးက သူတို့အဖေရဲ့နာရီကို နာရီဆိုင်ကမစ္စတာကင်းဆီရောင်းလိုက်တဲ့အတွက် ကာတာတို့မောင်နှမ နာရီပြန်ဝယ်ဖို့ နေ့လည်စာစုပြီး မစ္စတာကင်းဆီနေ့တိုင်းနီးပါးသွားနေတာကို ဇာတ်လမ်းကျောရိုးအဖြစ်ရိုက်ပြထားပြီး ဘာဆက်ဖြစ်မလဲဆိုတာတော့ ဇာတ်ကားကြည့်ရင်သိရမှာပါ။ သေချာတာကတော့ ဒီဇာတ်ကားဟာ ပိတ်ရက်တွေမှာမိသားစုနဲ့အတူ အနားယူရင်းကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ File size… 1.6 GB, 754 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 37m Genre ..... Crime, Drama, Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated... by Linmyat Hein

ဇာတ်လမ်းအကြောင်း