ဇာတ်ကားများ ရွေးရန်

The Hippopotamus

2017ဇာတ်ကားအမှတ် 6.4/1086 မိနစ်

ဒါကတော့ ယခုနှစ်မှာ ထွက်ရှိလာတဲ့ The Hippotamus ဆိုတဲ့ comedy မျိုးအစားဇာတ်ကားလေးဖြစ်ပါတယ် တစ်ချိန်ကလျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ပေမယ့် သတင်းစာတိုက်မှာအလုပ်လုပ်နေရတဲ့ ကဗျာဆရာ တက်ဒ်ဝေါလေ့စ်ကဆိုရင် ဝီစကီကိုအရမ်းနှစ်ခြိုက်တဲ့သူပါ တနေ့သူအလုပ်ပြုတ်သွားပြီးပိုက်ဆံမရှိလို့ စိတ်ညစ်နေတဲ့အချိန်မှာ သူ့ရည်းစားဟောင်းရဲ့သမီး ဂျိမ်းက သူ့ဆီရောက်လာပြီး အလုပ်တစ်ခုလာအပ်ပါတယ် ဂျိမ်းမှာသွေးကင်ဆာရှိနေပြီး သိပ်မကြာခင်သေဆုံးတော့မယ်လို့ဆရာဝန်တွေက ပြောပါတယ် ဒါပေမယ့် ဂျိမ်းကသူ့ဦးလေးမိုက်ကယ်လိုဂန်ပိုင်တဲ့ ဆွာ့ဖော့မှာနေခဲ့စဉ်က သူ့ရောဂါကို ကုသမှုခံယူခဲ့ရတဲ့ အံ့ဖွယ်ကိစ္စတွေရှိနေတယ်လို့ ပြောပါတယ် တက်ဒ်ကိုစရန်ငွေ ဒေါ်လာ ၂၅၀၀၀ ပေးပြီး အံ့ဖွယ်ကိစ္စတွေကို စုံစမ်းဖို့ စေလွှတ်လိုက်ပါတယ် တက်ဒ်ဟာ တစ်ချိန်က မိုက်ကယ်ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့အပြင် မိုက်ကယ့်ညီမရဲ့ရည်းစားဟောင်းလဲဖြစ်နေပါတယ် ဒီတော့ မိုက်ကယ်က တက်ဒ်အပေါ်ဘယ်လိုသဘောထားတွေရှိနေမလဲ တက်ဒ်တစ်ယောက် ဆွာ့ဖော့မှာ နေဖို့ဘယ်လိုကြိုးစားရမလဲ တက်ဒ်က သူဖော်ထုတ်စုံစမ်းရမယ့်အံ့ဖွယ်ကိစ္စတွေကို ဘယ်လိုဖော်ထုတ်မလဲဆိုတာတွေကို ဟာသလေးနှောပြီးရိုက်ပြထားတာပါ ဘယ်လိုအံ့ဖွယ်တွေတွေ့ရမှာလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှူရမှာပါ ဒီဇာတ်ကားထဲမှာ အခုဖော်ပြထားတဲ့ ကာရိုက်တာတွေအပြင် တခြားအဓိကကာရိုက်တာတွေလဲ ပါဝင်ထားပါသေးတယ် အဲဒါတွေကိုတော့ အရသာပျက်သွားမှာစိုးလို့မပြောပြတော့ပါဘူး ဇာတ်လမ်းအပြည့်အစုံကို ကြည့်ရှုအားပေးကြပါဦး (ဘာသာပြန်သူကတော့ မေသရဖီလွင် ပါ) File Size : (650 MB) and (260 MB) Quality : Bluray 720p Running Time : 1hr 29minutes Format : Mp4 Genre :Comedy Translated By May Tharaphi Lwin Encode By Thanhtike Zaw

ဇာတ်လမ်းအကြောင်း