ဇာတ်ကားများ ရွေးရန်

Golmaal 3

2010ဇာတ်ကားအမှတ် 5.4/10140 မိနစ်

Golmaal 3 (2010) ပရမ်းပတာ ၃ အဂျေးနဲ့ ကရီနာကပူးရ်တို့ရဲ့ Golmaal series ထဲက တတိယမြောက်ကားကို ပရိသတ်တွေအတွက် ထပ်မံတင်ဆက်ပေးချင်ပါတယ်။ ဒီ တတိယမြောက် Golmaal ရုပ်ရှင်ဟာဆိုရင် သူ့ခေတ်သူခါမှာတော့ တစ်နှစ်တာ ဒုတိယဝင်ငွေအများဆုံးဖြစ်ခဲ့တဲ့ထိ အောင်မြင်ခဲ့တာပါ။ ဇာတ်လမ်းလေးကတော့ Golmaal ကားတွေရဲ့ထုံးစံ.. အစပိုင်းမှာ ဂိုပယ်တို့မိသားစု ဂိုအာကမ်းခြေမှာ စီးပွားရေးပေါင်းစုံလုပ်ဖို့ ကြိုးစားနေကြတုန်းမှာ ဘာလုပ်လုပ် သူတို့နဲ့ အကြံတူနေပြီး မြင်တာနဲ့ ရန်ဖြစ်ကြတဲ့ သားအဖလေးယောက်နဲ့ ကွိုင်တွေတက်ပုံကို မြင်ကြရမှာပါ။ ဒါပေမဲ့ အဲဒီသားအဖလေးယောက်ထဲက မုဆိုးဖိုအဖေကြီးက ဂိုပယ်တို့အမေရဲ့ ရည်းစားဦးဖြစ်နေပြီး သူတို့ ပြန်ပေါင်းထုပ်ဖို့ ကြိုးစားကြတာကို သားတော်သမီးတော်များက မတည့်မရှုနဲ့ တကျက်ကျက်ဆန့်ကျင်ကြပုံတွေကို ဟာသတွေတခွီခွီနဲ့ ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဘောလီးဝုဒ်ရွှေခေတ်ရဲ့ ထုံးစံ အဆိုအကကောင်းကောင်း စော်လန်းလန်းတွေကို ကမ်းခြေမှာပတ်ပြေးခိုင်းထားတဲ့ သီချင်းအလန်းလေးတွေပါ ကြည့်ရမှာဖြစ်လို့ ရှေ့က Golmaal ကားတွေကိုကြိုက်နှစ်သက်ကြတဲ့ CM ပရိသတ်ကြီးအတွက် ဘာသာပြန်တင်ဆက်ပေးထားတာကြောင့် လက်မလွတ်တမ်းအားပေးလိုက်ဖို့ ညွှန်းဆိုတိုက်တွန်းလိုက်ပါတယ်။….. File size… 6.1 GB / 3.2 GB Quality…BluRay 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team

ဇာတ်လမ်းအကြောင်း