ဇာတ်ကားများ ရွေးရန်

Ripper Untold

2021ဇာတ်ကားအမှတ် 6.2/1085 မိနစ်

ဝွိုက်ချက်ပယ်လ်မှာ မိန်းကလေးတွေ ရက်ရက်စက်စက် လည်လှီးအသတ်ခံနေရပြီး ရင်ခွဲစစ်ဆေးခန်းဆီကိုလည်း အလောင်းတွေ နေ့စဉ်ရက်ဆက် ရောက်လာပါတယ်။ ရဲမှုခင်းဆေးဘက်ဆိုင်ရာ စစ်ဆေးရေးမှူး သောမတ်စ်က အလောင်းတွေကို စစ်ဆေးအစီရင်ခံရသူဖြစ်ပြီး အင်စပက်တာရီးစ်က လူသတ်မှုတွေကို လိုက်စုံစမ်းနေသူပါ။ ဒီအမှုတွေကြားမှာ နည်းမျိုးစုံနဲ့ သတင်းလိုက်ယူနေတဲ့ သတင်းထောက်တစ်ယောက်၊ ဒေသခံလူမှုအဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင် ဒေါက်တာလောင်ရီ၊ ပြည့်တန်ဆာအိမ်က မစ္စလဗီးန်နဲ့ သောမတ်စ်ရဲ့ အထီးကျန်ဇနီးသည် အဲလိဇဘတ်တို့လည်း ရှိနေပါတယ်။ သူတို့ဟာ သန်းခေါင်ယံလူသတ်မှုတွေနဲ့ ဘယ်လိုပတ်သက်နေကြတာလဲ။ အသတ်ခံရသူတွေက ဘာကြောင့် ပြည့်တန်ဆာမိန်းကလေးတွေချည်း ဖြစ်နေရတာလဲ၊ တရားခံက ဘယ်သူလဲဆိုတာကို လိုက်ဖော်ထုတ်ရတဲ့ မှုခင်းသည်းဖိုဇာတ်လမ်းပါ။

ဇာတ်လမ်းအကြောင်း