ဇာတ်ကားများ ရွေးရန်

A Boy and Sungreen

2019ဇာတ်ကားအမှတ် 6.7/1099 မိနစ်

A Boy and Sungreen(2018) ••••••••••••••••••••••••••••••••••••••••••• "ဒီနေ့တစ်ရက်ပဲ အသက်ရှင်ခွင့်ရပြီး.....မနက်ဖြန်သေဆုံးရတော့မယ်ဆိုရင် ဘာလုပ်ချင်လဲ" "မနက်ဖြန်ပဲ သေဆုံးရတော့မယ်ဆိုရင်တော့ချစ်ရတဲ့သူနဲ့ တူတူရှိချင်တာပေါ့" ချစ်ခြင်းမေတ္တာဟာ ဆန်းကြယ်တဲ့အရာပါမိဘနဲ့ သားသမီးတွေဆီက ချစ်ခြင်းတရားပဲဖြစ်ဖြစ်....ချစ်သူတွေကြားက ချစ်ခြင်းပဲဖြစ်ဖြစ် ဘယ်လို အယူဝါဒတွေပဲကွဲပြားနေပါစေ လူနှစ်ဦးကြားက ချစ်ခြင်းမေတ္တာဆိုတာသိပ်ကိုနွေးထွေးတဲ့ အသိုက်အမြုံလေးပဲမလား...... အရာရာကိုကြောက်တတ်တဲ့ ဘိုဟီးဆိုတဲ့ကောင်လေးကလေးဘဝတုန်းက သူ့ဆီမလာတော့တဲ့အဖေဖြစ်သူကို နေ့တိုင်းစောင့်မျှော်နေခဲ့တဲ့သူပါ.....ဒါကို မကြည့်ရက်တဲ့ အမေကသားအဖေဆုံးသွားပြီလို့ ပြောခဲ့ပါတယ် အရွယ်ရောက်လာတော့ သူငယ်ချင်းမလေး နိုယန်းနဲ့အဖေဖြစ်သူရှာပုံတော်ဖွင့်တာကို ရိုးရိုးလေး ရိုက်ကူးထားတာပါ..... ဒီဇာတ်ကားက Drama/Comedy ဆိုပေမယ့် Drama ဘက်ကို ပိုသွားတယ်လို့ ထင်ပါတယ်တစ်ကားလုံး ခပ်အေးအေးလေးနဲ့မတူညီတဲ့ ချစ်ခြင်းမေတ္တာတွေကိုဖြေးဖြေးချင်း ပုံဖော်ရိုက်ကူးထားတာ တစ်မျိုးလေး ကြည့်ကောင်းတယ်၂၃ ကြိမ်မြောက် ဘူဆန်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ပြသခဲ့ပြီးတော့KTH ဆုကို ရယူနိုင်ခဲ့တဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်နူးညံ့တဲ့ ချစ်ခြင်းမေတ္တာတွေ ခံစားကြည့်ရှုလိုက်ကြပါဦးနော်........ Translated by : Amelia Encoded by : YK Quality : 1080p WEBDL and 720p File Size :  1.4 GB and 1.1 GB Duraton : 1h 39 mins Subtitles : Myanmar (Hardsub)

ဇာတ်လမ်းအကြောင်း