Give Me Five
ဝူဟုန်ချီလို့ခေါ်တဲ့ လောင်ဝူဟာ ဇနီးဆုံးပါးသွားပြီးနောက် သားကိုစောင့်ရှောက်ရင်း မုဆိုးဖိုဘဝနဲ့ နေလာခဲ့သူပါ။ အခုတော့ အလွယ်တကူ မေ့လျော့တတ်တဲ့ အယ်လ်ဇိုင်းမားရောဂါကို ခံစားနေရပါတယ်။ သားဖြစ်သူ ရှောင်ဝူကလည်း မိခင်ဆုံးပြီးကတည်းက ဖခင်နဲ့ သဘောထားမတိုက်ဆိုင်တာတွေ ရှိပေမယ့် သူ့ကို စောင့်ရှောက်ပေးနေခဲ့တယ်။ တစ်နေ့ လောင်ဝူဟာ အသိစိတ်လွတ်ပြီး မြစ်ထဲခုန်ချမိတာကြောင့် ဆေးရုံတင်လိုက်ရပါတယ်။ ဆေးရုံစရိတ်ပေးဖို့ ဖခင်သိမ်းထားတဲ့ ဘဏ်စာအုပ်ကို ရှောင်ဝူ လိုက်ရှာရင်း မိခင်ရဲ့ဒိုင်ယာရီကို မတော်တဆ တွေ့သွားတယ်။ အဲဒီအချိန်မှာပဲ ထူးထူးဆန်းဆန်းနဲ့ ၁၉၈၀ ခုနှစ်ဆီ အချိန်ခရီးရောက်သွားပြီး မိဘနှစ်ပါး ပထမဆုံးတွေ့ဆုံမှုကို ဝင်နှောင့်ယှက်မိပါတော့တယ်။ သူ့ကြောင့် လွဲသွားတာတွေကို ပြန်ပြင်ဖို့ အတိတ်ဆီပြန်သွားဖို့ ကြိုးစားတဲ့အခါ ဘယ်လိုထူးဆန်းမှုတွေ ထပ်ကြုံရမလဲ၊ ဖခင်နဲ့မိခင်တို့ရဲ့ တွေ့ဆုံမှုကို ပြန်အဆင်ပြေအောင် လုပ်ပေးနိုင်ပါ့မလားဆိုတာကို ဟာသနဲ့တွဲပြီး ဆက်ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း