ဇာတ်ကားများ ရွေးရန်

Robbing Mussolini

2022ဇာတ်ကားအမှတ် 5.6/1099 မိနစ်

ဒုတိယကမ္ဘာစစ်ကြီး ပြီးကာစ မီလန်မြို့မှာ မှောင်ခိုသမား ပီအဲထရိုက အကြံကြီးတစ်ခု ရသွားပါတယ်။ စစ်ပွဲအတွက် သုံးဖို့ အီတလီနိုင်ငံသားတွေ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပေးအပ်ထားတဲ့ ရတနာပစ္စည်းတွေကို ဖက်ဆစ်ခေါင်းဆောင် မူဆိုလီနီတို့ သိမ်းယူထားမှန်း သိလိုက်ရလို့ပါ။ သူ့အကြံကတော့ မူဆိုလီနီဆီက ရတနာတွေကို ဓားပြတိုက်ယူဖို့ ဖြစ်ပါတယ်။ ပီအဲထရိုရဲ့ချစ်သူ အီဘုန်းက မူဆိုလီနီရဲ့ အယုံကြည်ရဆုံး အရာရှိတစ်ဦးရဲ့ အငယ်အနှောင်းအဖြစ် နေခဲ့သူပါ။ ဒီအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ပီအဲထရိုတို့အဖွဲ့မှာ သူခိုးတစ်ယောက်၊ ဖောက်ခွဲရေးကျွမ်းကျင်သူတစ်ယောက်နဲ့ ကားမောင်းကျွမ်းကျင်သူတစ်ယောက် ထပ်လိုနေသေးတယ်။ မူဆိုလီနီတို့ ဖက်ဆစ်အုပ်စုကလည်း အီတလီကနေ ထွက်ပြေးတော့မယ့်အချိန် ဖြစ်နေတာကြောင့် ပီအဲထရိုတို့ ဘယ်လိုလှည့်ကွက်တွေသုံးပြီး ရတနာတွေကို ဖောက်ထွင်းယူကြမလဲဆိုတာ ဟာသနဲ့အက်ရှင် ရောနှောထားတဲ့ ဇာတ်လမ်းထဲမှာ ဆက်တွေ့ရမှာပါ။

ဇာတ်လမ်းအကြောင်း