ဇာတ်ကားများ ရွေးရန်

Big Three Dragons

2022ဇာတ်ကားအမှတ် 4.3/1097 မိနစ်

လောင်တွမ့်ဟာ နိုင်ငံရတနာ မှောင်ခိုရောင်းဝယ်မှုနဲ့ လူသတ်မှုမှာ ပါဝင်ပတ်သက်ခဲ့လို့ ထောင်ဒဏ် နှစ် ၂၀ ကျခံခဲ့ရပါတယ်။ ထောင်က ပြန်လွတ်လာတဲ့အခါ အရင်ဖြစ်ရပ်ရဲ့ အမှန်တရားကို စုံစမ်းဖို့ လိမ်လည်မှုအစီအစဉ်တစ်ခု ဆွဲထားတယ်။ သူ့ဇနီးဟောင်းသုံးယောက်က မွေးထားတဲ့ ဝူဝိန်၊ မော့မော့နဲ့ ထန်နင်တို့ကလည်း အဖေ့ကို လိုက်ရှာနေကြပါတယ်။ ကုမ္ပဏီတစ်ခုရဲ့ ငွေလိမ်ခံထားရသူတွေအတွက် ငွေစိုက်ပေးဖို့ တောင်းဆိုချင်လို့ပါ။ အဖေနဲ့တွေ့တဲ့အခါမှာတော့ မထင်မှတ်ဘဲ လောင်တွမ့်ရဲ့ အစီအစဉ်ထဲ သူတို့ပါ ပါဝင်လာရတယ်။ သားအဖလေးယောက် ပူးပေါင်းပြီး ငွေတွေပြန်ရဖို့ ဘယ်လိုလှည့်ကွက်တွေ သုံးကြမလဲ။ လောင်တွမ့်ကရော နောက်ကွယ်က ကြိုးကိုင်သူနဲ့ နိုင်ငံရတနာအစစ်ကို ရှာတွေ့နိုင်ပါ့မလား။ တစ်ယောက်နဲ့တစ်ယောက် မယုံကြည်မှုတွေရှိသလို ဖေးမအားပေးမှုတွေလည်း ရှိနေတဲ့ သားအဖတွေကြားက အဖြစ်အပျက်တွေကို ဟာသဆန်တဲ့ လှည့်ကွက်တွေနဲ့ တွဲဖော်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း