The Devil's Backbone
စစ်အတွင်းမှာ ဖခင်ကို ဆုံးရှုံးလိုက်ရတဲ့ အသက် ၁၂ နှစ်အရွယ် ကောင်လေးတစ်ယောက် စပိန်နိုင်ငံက မြို့စပ်တစ်နေရာရှိ ကျောင်းတစ်ကျောင်းကို ရောက်လာပါတယ်။ သူမရောက်ခင်ကတည်းက ကျောင်းဝန်းအလယ်မှာ ဗုံးကြီးတစ်လုံး စိုက်ဝင်နေပြီး အဲဒီဗုံးကျတဲ့ညမှာပဲ ရှန်တီဆိုတဲ့ ကျောင်းသားတစ်ယောက် ပျောက်ဆုံးသွားခဲ့တယ်။ ကျောင်းသားတွေကြားမှာတော့ ရှန်တီက သရဲဖြစ်နေပြီလား၊ အသက်ရှင်နေသေးတာလားဆိုတဲ့ ကောလဟာလတွေ ရှိနေပါတယ်။ ကျောင်းရောက်ပြီး မကြာခင် ကောင်လေးကိုယ်တိုင်လည်း သရဲလို့ထင်ရတဲ့ အရာတစ်ခုကို တွေ့လာတယ်။ ဘာဖြစ်နေတာလဲဆိုတာ စုံစမ်းရင်း ကျောင်းကလူတွေ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေထဲ တဖြည်းဖြည်း ဝင်မိသွားတော့တာပါ။ သရဲဇာတ်လမ်းနဲ့အတူ စစ်ဘေးနဲ့ ဆင်းရဲငတ်မွတ်မှုကြားမှာ လူတွေရဲ့ လောဘ၊ အတ္တနဲ့ လူသားဆန်မှုတွေ ဘယ်လိုဖြစ်လာတတ်သလဲဆိုတဲ့ အကြောင်းကိုလည်း တွေးစရာအဖြစ် ထည့်ထားပါတယ်။ ဒီရုပ်ရှင်ဟာ Goya ဆုရဲ့ အထူးပြုလုပ်ချက်နဲ့ ဝတ်စုံဒီဇိုင်းဆိုင်ရာ ဆုအမျိုးအစားတွေမှာ ဆန်ခါတင်ဝင်ခဲ့ပါတယ်။
ဇာတ်လမ်းအကြောင်း