ဇာတ်ကားများ ရွေးရန်

Messy Temple

2022ဇာတ်ကား

ဝူလုံဘုန်းကြီးကျောင်းက တပည့်ကြီး အားလျန့်ဟာ လူအများလေးစားရတဲ့ မိစ္ဆာနှိမ်နင်းသူတစ်ယောက် ဖြစ်ချင်နေပါတယ်။ ဒါပေမယ့် သူ့မှာ ပညာရည်က မပြည့်မီသေးဘဲ သူများအထင်ကြီးအောင် လိမ်ပြောတတ်တာပဲ ရှိတယ်။ ရှားခယ့်ယန်ကတော့ ဂုဏ်သရေရှိတဲ့ လင်နန်ရှား မိစ္ဆာနှိမ်နင်းသူမျိုးနွယ်က ဆင်းသက်လာသူပါ။ သူက မိသားစုအငြိုးအတေးကြောင့် မိစ္ဆာတွေကို အမြစ်ပြတ်နှိမ်နင်းချင်နေတယ်။ ဒီနှစ်ယောက်ဟာ ဝူလုံဘုန်းကြီးကျောင်း ဆရာတော်ကြီးပေးတဲ့ တာဝန်အရ လွတ်မြောက်လာတော့မယ့် မိစ္ဆာဘုရင်ကို ပြန်ချုပ်နှောင်ဖို့ ခရီးထွက်ကြပါတယ်။ လမ်းမှာ မိစ္ဆာနှိမ်နင်းတဲ့အကြောင်း ဝတ္ထုတစ်ပုဒ် ရေးဖြစ်အောင်ရေးမယ်လို့ ရည်မှန်းထားတဲ့ အိုက်ဖေးနဲ့ ဆုံမိပြီး သုံးယောက်အတူ ဆက်သွားကြတယ်။ လမ်းတစ်လျှောက် တွေ့ရတဲ့ မိစ္ဆာတွေကို ဘယ်လိုနှိမ်နင်းကြမလဲ၊ မိစ္ဆာဘုရင်ကိုရော ဒီလူငယ်သုံးယောက် ရင်ဆိုင်နိုင်ပါ့မလား။

ဇာတ်လမ်းအကြောင်း