ဇာတ်ကားများ ရွေးရန်

Love You My Arrogance 2

2022ဇာတ်ကား192 မိနစ်

Love You My Arrogance ပထမကားအပြီး နှစ်နှစ်အကြာမှာ ထွက်လာတဲ့ အဆက်ကားပါ။ စာရေးဆရာမ အန်နာနဲ့ YouTuber ဆန်တို့ဟာ စကားတွေပြောဖြစ်ပြီး ရင်းနှီးနေကြပေမယ့် သူငယ်ချင်းမက ရည်းစားမကျ အခြေအနေမှာပဲ ရပ်နေကြပါတယ်။ အန်နာက ဆန်ကို ဖွင့်ပြောလာစေချင်ပေမယ့် ဆန်ဘက်ကလည်း မပြော၊ ကိုယ်တိုင်ကလည်း စမပြောနိုင်နဲ့ အကြပ်ရိုက်နေတယ်။ ဗီဒီယိုပြိုင်ပွဲတစ်ခု ကျင်းပတဲ့အခါ ဆန်က ဆုကြေးရဖို့ ဝင်ပြိုင်လိုက်ပါတယ်။ အဲဒီပြိုင်ပွဲမှာ အန်နာ့ချစ်သူဟောင်း တွန်လည်း ပါလာတယ်။ တွန်က ထိုင်းနိုင်ငံရဲ့ ထိပ်တန်းငါးဦးစာရင်းဝင် ခရီးသွား YouTuber တစ်ယောက်ဖြစ်ပြီး ပြိုင်ပွဲဝင်ရင်း အန်နာ့အချစ်ကိုပါ ပြန်ရဖို့ ကြိုးစားလာပါတယ်။ အန်နာကလည်း ဆန် ဖွင့်ပြောလာအောင် နည်းမျိုးစုံနဲ့ ကြိုးစားနေတော့ ဆန်က သဝန်တိုပြီး ချစ်ကြောင်းပြောလာမလား၊ တွန်ကပဲ အန်နာ့စိတ်ကို ပြန်ပြောင်းနိုင်မလား။ ဗီဒီယိုပြိုင်ပွဲနဲ့ အချစ်ရေးနှစ်ခုစလုံးမှာ ဆန်နဲ့ တွန် ဘယ်သူ အသာရမလဲဆိုတာ ဆက်ကြည့်ရမှာပါ။ ဆန်အဖြစ် Nine Naphat၊ အန်နာအဖြစ် Mild Lapassalan နဲ့ တွန်အဖြစ် Oab Oabnithi တို့ ပါဝင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း