ဇာတ်ကားများ ရွေးရန်

Heathers: The Musical

2023ဇာတ်ကားအမှတ် 8.3/10135 မိနစ်

Heathers: The Musical က ၁၉၈၈ ခုနှစ်ထွက် ဟာသဒရာမာ Heathers ကို Musical အဖြစ် ပြန်လည်ဖန်တီးထားတာပါ။ ဇာတ်လမ်းက အိုဟိုင်းရိုး၊ ရှားဝုဒ်မှာရှိတဲ့ ဝက်စတာဘာ့ဂ် အထက်တန်းကျောင်းမှာ ဖြစ်ပျက်ပါတယ်။ အဲဒီကျောင်းမှာ ဟယ်သာ ချန်ဒလာ၊ ဟယ်သာ မက်နမဲရာနဲ့ ဟယ်သာ ဒု့ခ်ဆိုတဲ့ နာမည်တူ မိန်းကလေးသုံးယောက် ဖွဲ့ထားတဲ့ ဟယ်သာအဖွဲ့ရှိတယ်။ ကျောင်းမှာ နာမည်ကြီးတဲ့ သူတို့အဖွဲ့က တခြားကျောင်းသူကျောင်းသားတွေကို အနိုင်ကျင့်တတ်ကြပါတယ်။ အနိုင်ကျင့်ခံနေရတဲ့ ဗရော်နီကာကတော့ ဒီလိုဘဝကို စိတ်ပျက်လာပြီး ဟယ်သာအဖွဲ့ထဲ ဝင်နိုင်ဖို့ ကြိုးစားနေတယ်။ တစ်နေ့မှာ သူတို့ကို ကူညီပေးလိုက်ရာက အဖွဲ့ဝင်ဖြစ်ခွင့် ရသွားပါတယ်။ ဗရော်နီကာဟာ လက်ရေးနဲ့ စာရွက်စာတမ်းအတုလုပ်ရာမှာ ကျွမ်းကျင်တာကြောင့် အဖွဲ့ခေါင်းဆောင် ဟယ်သာ ချန်ဒလာက လက်ခံလိုက်တာပါ။ အဲဒီနောက် ကျောင်းကို အသစ်ပြောင်းလာတဲ့ ဂျေဆန်ဒင်းဆိုတဲ့ ကောင်လေးကို ချစ်မိသွားရာက ဗရော်နီကာ့ဘဝမှာ အလှည့်အပြောင်းတစ်ခု ဖြစ်လာပါတယ်။

ဇာတ်လမ်းအကြောင်း