Dumb and Dumber
Lloyd Christmas နဲ့ Harry Dunne တို့က အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ပေမယ့် လုပ်လိုက်သမျှ အလွဲလွဲအချော်ချော် ဖြစ်နေတတ်တဲ့ နှစ်ယောက်ပါ။ Jim Carrey သရုပ်ဆောင်ထားတဲ့ Lloyd က ဇိမ်ခံကားမောင်းတဲ့ ဒရိုင်ဘာဖြစ်ပြီး Jeff Daniels သရုပ်ဆောင်ထားတဲ့ Harry က ခွေးတွေကို ရေချိုးအလှပြင်ပေးတဲ့ဆိုင်မှာ အလုပ်လုပ်ပါတယ်။ အလုပ်အကိုင်ကလည်း နှစ်ယောက်စလုံး မမြဲချင်ဘဲ ဇာတ်လမ်းအစမှာတင် အလုပ်ပြုတ်သွားကြတယ်။ အလုပ်မပြုတ်ခင် Lloyd ဟာ Aspen ကို ခရီးသွားမယ့် Mary Swanson ကို လေဆိပ်ဆီ လိုက်ပို့ပေးခဲ့ရပါတယ်။ လမ်းမှာ စကားပြောကြရင်း Mary ကို မြင်မြင်ချင်း ချစ်မိသွားတယ်။ သူ လေဆိပ်ထဲဝင်သွားတာကို လိုက်ကြည့်နေတုန်း လက်ဆွဲသေတ္တာတစ်လုံး ကျန်ခဲ့တာတွေ့လို့ Lloyd က ပြေးယူထားလိုက်ပါတယ်။ တစ်ဖက်မှာလည်း Harry က ရေချိုးအလှပြင်ပေးထားတဲ့ ခွေးတွေကို ရှိုးပွဲဆီ အချိန်မီ မပို့နိုင်တဲ့အပြင် တခြားအလွဲတွေပါ လုပ်မိလို့ အလုပ်ပြုတ်လာတယ်။ အလုပ်လက်မဲ့ဖြစ်နေကြတဲ့ နှစ်ယောက်ဟာ လက်ဆွဲသေတ္တာကို ပြန်ပေးဖို့ Mary သွားတဲ့ Aspen ဆီ လိုက်သွားကြပါတယ်။ Lloyd ကတော့ သေတ္တာပြန်ပေးရင်း အချစ်ရေးလည်း အဆင်ပြေချင်နေတယ်။ ဒီလိုနဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ အလွဲတွေနဲ့ ပြည့်နေတဲ့ ခရီးစဉ် စလာပါတယ်။ လမ်းတစ်လျှောက် ဘာတွေ ထပ်လုပ်မိကြဦးမလဲ၊ Lloyd ရဲ့ မျှော်လင့်ချက်ကရော ပြည့်မလား၊ သူတို့တကူးတက သွားပို့တဲ့ လက်ဆွဲသေတ္တာကရော ဘယ်လိုသေတ္တာ ဖြစ်နေမလဲ။
ဇာတ်လမ်းအကြောင်း