Just Like Heaven
အဲလစ်ဇဘတ်ဟာ နေ့တိုင်း အလုပ်ထဲမှာပဲ အချိန်ကုန်နေတဲ့ ဆရာဝန်မလေးတစ်ယောက်ပါ။ တစ်နေ့မှာတော့ သူ ကားမတော်တဆမှုတစ်ခု ကြုံလိုက်ရတယ်။ အဲဒီနောက် သုံးလအကြာမှာ ဇနီးကွယ်လွန်သွားတာကို မမေ့နိုင်သေးတဲ့ ဒေးဗစ်အက်ဘော့ဟာ ဆန်ဖရန်စစ္စကိုမြို့က အဲလစ်ဇဘတ်ရဲ့ တိုက်ခန်းဟောင်းဆီ ပြောင်းလာခဲ့ပါတယ်။ တိုက်ခန်းမှာ ဒေးဗစ်တွေ့လိုက်ရတာက ဒီနေရာဟာ သူ့တိုက်ခန်းလို့ ပြောပြီး ရန်လုပ်နေတဲ့ အဲလစ်ဇဘတ်ရဲ့ ဝိညာဉ်ပါပဲ။ ထူးဆန်းတာက အဲလစ်ဇဘတ်ကို ဒေးဗစ်တစ်ယောက်တည်းကပဲ မြင်နေရတာပါ။ သူ့ကို ဘာကြောင့် ဒေးဗစ်ကပဲ မြင်နိုင်တာလဲ၊ အဲလစ်ဇဘတ် တကယ်ပဲ သေဆုံးသွားပြီလားဆိုတာကလည်း မရှင်းသေးပါဘူး။ Reese Witherspoon နဲ့ Mark Ruffalo တို့ ပါဝင်ထားတဲ့ ဒီစိတ်ကူးယဉ်အချစ်ဇာတ်လမ်းမှာ မတည့်ဘဲ အတူနေနေရတဲ့ သူတို့နှစ်ယောက်ရဲ့ ခံစားချက်တွေ ဘယ်လိုပြောင်းလဲလာမလဲ၊ ဒီလိုထူးဆန်းစွာ ဆုံတွေ့ရတဲ့ အကြောင်းရင်းက ဘာလဲ၊ နောက်ဆုံးမှာ အတူရှိနိုင်ကြမလားဆိုတာကို ဆက်ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း