ဇာတ်ကားများ ရွေးရန်

Smile

2022ဇာတ်ကားအမှတ် 6.8/10115 မိနစ်

ဒေါက်တာရို့စ်ကော်တာဟာ အရေးပေါ်စိတ်ရောဂါကုသရေးဌာနမှာ တာဝန်ကျနေတဲ့ စိတ်ရောဂါကုဆရာဝန်တစ်ယောက်ပါ။ သူ့ဆီကို ရောက်လာကြတဲ့လူနာအများစုက စိတ်အခြေအနေ အတော်ဆိုးနေကြသူတွေဖြစ်လို့ ထူးဆန်းတဲ့အဖြစ်အပျက်တွေနဲ့လည်း ကြုံရတတ်ပါတယ်။ တစ်နေ့မှာ အလွန်ကြောက်လန့်နေတဲ့ လူနာတစ်ယောက် ရောက်လာပြီး ရို့စ်ရှေ့မှာပဲ ပြုံးပြရင်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတယ်။ အဲဒီနောက် ရို့စ်ကိုယ်တိုင် ကြောက်စရာအဖြစ်အပျက်တွေ ကြုံလာရပါတယ်။ လူနာရဲ့သေဆုံးမှုဟာ သွေးရိုးသားရိုး မဖြစ်နိုင်ဘူးလို့ ယူဆပြီး လိုက်စုံစမ်းကြည့်တော့ ပိုပြီးကြောက်စရာကောင်းတဲ့ အကြောင်းတွေ ဆက်တွေ့လာရတော့တယ်။

ဇာတ်လမ်းအကြောင်း