Bandidas
စပိန်လို 'အမျိုးသမီးရာဇဝတ်ကောင်များ' လို့အဓိပ္ပါယ်ရပါတယ်။ မက္ကဆီကိုမှာ ဇာတ်အိမ်တည်ထားတဲ့ ဇာတ်ကားလေးပါ။ မင်းသမီးတွေကတော့ စပိန်မင်းသမီးချော Penélope Cruz နဲ့ မက္ကဆီကိုမင်းသမီး Salma Hayek တို့ပါ။ မင်းသမီးတွေရဲ့ဇာတ်လမ်းဆို ပိုမှန်ပါမယ်။ ချမ်းသာပြီး လိုတရဘဝနဲ့ ဥရောပမှာ ကျောင်းတတ်လာခဲ့တဲ့ မက္ကဆီကိုဘဏ်သူဌေးသမီး ဆယ်လ်ဗာဒို အဖြစ် Salma Hayek ဆင်းရဲတဲ့လယ်သမားသမီးဖြစ်ပေမယ့် ပွင့်လင်းရဲရင့်တဲ့ တောသူမလေး မာရီယာအဖြစ် Penélope Cruz တို့က ပိုင်နိုင်စွာသရုပ်ဆောင်ထားပါတယ် ဆယ်လ်ဗာဒိုရဲ့အဖေနဲ့လာပြီးအလုပ်လုပ်တဲ့ အမေရိကန်ဘဏ်ကကိုယ်စားလှယ် တေလာဂျက်ဆင် (Dwight Yoakam) ဟာ ရထားလမ်းဖောက်ဖို့ အတွက် ဆင်းရဲတဲ့မက္ကဆီကိုလယ်သမားတွေကို သတ်ပြီး သူတို့မြေတွေကို တစ်ပီဆိုတည်းနဲ့ရောင်းခဲ့ပါတယ်လို့ စာချုပ်အတုတွေလုပ်ပါတယ်။ နောက်ဆုံး ဆယ်လ်ဗာဒိုရဲ့အဖေကိုပါ သတ်ပြီး သူ့အဖေပိုင်ဆိုင်တဲ့ဘဏ်တွေကိုပါ သိမ်းယူခဲ့ပါတယ်။ ဂျက်ဆင်သတ်တဲ့လယ်သမားတွေထဲမှာ မာရီယာရဲ့အဖေလည်းပါဝင်ခဲ့ပါတယ်။ ဒါကြောင့် ဆယ်လ်ဗာဒိုနဲ့မာရီယာတို့ပေါင်းပြီး မစ္စတာဂျက်ဆင်ကို လက်စားချေတဲ့အနေနဲ့ ဘဏ်တွေကို ဓါးမြတိုက်ပါတော့တယ်။ သူတို့ကို ဖမ်းဖို့ သိပ္ပံနည်းကျမှုခင်းဖော်ထုတ်တဲ့စုံထောက် ကွမ်တင်ကွက်ခ် (Steve Zahn) ကို နယူယော့ခ်က စေလွှတ်ခဲ့ပါတယ်။ ဒါပေမယ့် ကွမ်တင်က ဂျက်ဆင်ရဲ့ယုတ် မာမှုကို သိသွားပြီး မာရီယာတို့နဲ့ပူးပေါင်းကာ ဂျက်ဆင်ကို နှိမ်နင်းတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ( ဒီဇာတ်ကားအတွက် အညွန်းနဲ့ ဘာသာပြန်သူကတော့ Channel Myanmarပရိသတ်ဖြစ်တဲ့ ကို Nyi Nyi Kyaw Myintပဲဖြစ်ပါတယ်) @joker
ဇာတ်လမ်းအကြောင်း