ဇာတ်ကားများ ရွေးရန်

Casper

1995ဇာတ်ကားအမှတ် 6.3/10100 မိနစ်

Casper 1995 ဒီဇာတ်ကားလေးကတော့ ကပ်စပါ ဆိုတဲ့ လူတွေကိုခင်တက်တဲ့ တစ္ဆေလေးအကြောင်းကာတွန်းကားကို live-action ပြန်ရိုက်ထားတဲ့ ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာဆိုရင် အ ဓိကဇာတ်ဆောင်ဖြစ်တဲ့ ကပ်စပါကို CGI အပြည့်နဲ့ တစ်ကားလုံးသုံးသွားနိုင်တဲ့ ပထမဦးဆုံး ရုပ်ရှင်ကားတစ်ကားလည်းဖြစ်ပါတယ်။ Budget ၅၅ သန်း အသုံးပြုခဲ့ပြီး ၂၈၇.၉ သန်းပြန်လည်ရရှိခဲ့တဲ့ အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကားလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာဆိုရင် ဒေါက်တာဟာဗေးက သူ့သမီးလေးနဲ့အတူ တစ်မြို့ဝင်တစ်မြို့ထွက်နဲ့ လူတွေကိုအနှောက်အယှက်ပေးနေတဲ့ တစ္ဆေတွေကို နောက်ဘဝကူးပြောင်းနိုင်အောင် လိုက်လံကူညီပေးနေပါတယ်။ တနေ့မှာတော့ မိန်း ဆိုတဲ့မြို့က သရဲအရမ်းခြောက်တဲ့ ဝစ်စတပ် ဆိုတဲ့အိမ်ကြီးကိုသွားပြီး သောင်းကျန်းနေတဲ့ သရဲတွေကို နှိမ်နင်းပေးဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အဲဒီအိမ်ကြီးမှာတော့ ကပ်စပါဆိုတဲ့ လူတွေကိုခင်တက်တဲ့ တစ္ဆေလေးအပြင် လူတွေကိုသွေးပျက်မတက် ခြောက်လှန့်တက်တဲ့ တစ္ဆေ ၃ ကောင်လည်းရှိနေပါတယ်။ ေ ဒါက်တာဟာဗေးကပဲ ခြောက်လှန့်တက်တဲ့ တစ္ဆေတွေကို နောက်ဘဝကူးသွားအောင်ကူညီပေးနိုင်မလား တစ္ဆေတွေကပဲ အနိုင်ယူသွားမလားဆိုတာကိုတော့ ဒီဇာတ်ကားလေးကိုကြည့်ကြည့်လိုက်ပါနော်။ ရုပ်ရှင်ကားကို ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ Jar Jar ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း