The Shadow
ဒီတစ်ခါ cm ပရိသတ်ကြီးကို Horror မဆန်တဲ့ Horror ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Biography ဆန်ဆန် မှုခင်း ဇာတ်ကား တစ်ခုလို့ ပြောလို့ရတဲ့ ဒီဇာတ်ကားဟာ ၁၈၉၀ ခုနှစ် ဝန်းကျင် အက်စ်တိုးနီးယားနိုင်ငံဟာ ဆိုဗီယက်ပြည်ထောင်စု ရုရှအင်ပါယာ လက်အောက်ကို ကျရောက်နေခဲ့ချိန်ကို မှီငြမ်းပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ အဓိက သရုပ်ဆောင်ဖြစ်တဲ့ ဂျူဟန်လိဗ် ဇာတ်ကောင်ဟာ အစ္စတိုးနီးယားနိုင်ငံ လွတ်လပ်ရေး မရခင် မျှော်လင့်ချက်တွေ မှေးမှိန်နေခဲ့တဲ့ ပြည်သူတွေရဲ့ စိတ်ဓာတ်ကို တနည်းတဖုံ မြှင့်တင်ပေးခဲ့တဲ့ ကဗျာဆရာ တစ်ဦး ဖြစ်ပါတယ်။ ဂျူဟန် စိတ်ကျန်းမာရေး ဆေးရုံကို ဆယ်စုနှစ် တစ်ခုနီးပါး အပို့မခံရခင် သူစပြီး ခံစားခဲ့ရတဲ့ ရောဂါ ရှေ့ပြေးလက္ခဏာ တွေကို ထင်ဟပ် တင်ဆက်ထားပြီးတော့ အဲဒီအချိန်က သူရေးခဲ့တဲ့ Vari ( Shadow) ဆိုတဲ့ ဝတ္ထုတိုကို ပြန်လည် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီလိုမျိုး ဝေဒနာတွေဖြစ်နေချိန်မှာ လူသတ်မှုတစ်ခုကို ကြုံတွေခဲ့ရပြီးတော့ အဲဒီလူသတ်မှုကို အမှုမှန်ပေါ်ပေါက်အောင် ကြိုးစားခဲ့တဲ့ ဂျူဟန်ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားက အက်စ်တိုးနီးယားနိုင်ငံရဲ့ သမိုင်းကြောင်းနဲ့ ရင်းနှီးတဲ့သူတွေအတွက် အဓိပ္ပါယ်ရှိပေမယ့် မရင်းနှီးတဲ့ သူတွေအတွက်ကတော့ အနည်းငယ် နားမလည်နိုင် စရာတော့ ရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာ မကျန်းမာသူတစ်ဦးရဲ့ အမြင်ဘက်ကနေ ရိုက်ကူးထားတဲ့ ရိုက်ကွက်တစ်ချို့က အဆက်အစပ် မရှိသလို ဖြစ်နေပေမယ့်လည်း အဲဒါကပဲ ဇာတ်ကောင်ရဲ့ စရိုက်ကို ဖော်ကျူးသွားခဲ့တာပါ။ လွတ်လပ်ရေး ရပြီးနောက် ယခုအချိန်မှာ ဖွံ့ဖြိုးတိုးတက်နေတဲ့ အက်စ်တိုးနီးယားနိုင်ငံရဲ့ တစ်ချိန်က သမိုင်းကြောင်းအပြင် ရုရှအင်ပါယာရဲ့ ဖိနှိပ်မှု အခြေအနေတွေကို တစ်စေ့တစ်စောင်း တင်ဆက်သွားခဲ့တာမို့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေး တစ်ခုပဲလို့ ဆိုချင်ပါတယ်။ File size… (1.47 GB) / (756 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre …..Crime , History , Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi
ဇာတ်လမ်းအကြောင်း