ဇာတ်ကားများ ရွေးရန်

Ashiap Man

2022ဇာတ်ကားအမှတ် 2.0/10102 မိနစ်

ရေပို့ပေးဖို့ပဲဖြစ်ဖြစ်၊ ခေါင်မိုးပြင်ပေးဖို့ပဲဖြစ်ဖြစ် တစ်ယောက်ယောက်က အကူအညီတောင်းလာရင် ဇူးက အမြဲအဆင်သင့်ပါပဲ။ ငယ်ငယ်ကတည်းက မိဘတွေရဲ့ ဆုံးမသွန်သင်မှုနဲ့ ကြီးပြင်းလာတဲ့သူက လူတွေကို ကူညီချင်ပြီး ကိုယ်ချစ်တဲ့သူတွေကို ကာကွယ်ပေးချင်တယ်။ သူ့ရဲ့ ဉာဏ်ရည်နားလည်နိုင်စွမ်းက တခြားသူတွေနဲ့ မတူပေမယ့် လူစွမ်းကောင်းတစ်ယောက်ဖြစ်ဖို့ အရမ်းစိတ်အားထက်သန်သူပါ။ အများအကျိုးကို သယ်ပိုးချင်တဲ့ ဇူးကို တစ်ရွာလုံးကလည်း ချစ်ခင်ယုံကြည်ကြတယ်။ တစ်နေ့ ရွာကို မိန်းကလေးတစ်ယောက် ရောက်လာပြီး ဇူးက သူ့ကို သဘောကျမိသွားပါတယ်။ တစ်ဖက်မှာလည်း ရွာနေရာကို အိမ်ရာစီမံကိန်းလုပ်ဖို့ ရွာသားတွေကို ဖိအားပေးနှင်ထုတ်လာကြတယ်။ အမြဲအဆင်သင့်ရှိတဲ့ ဇူးတစ်ယောက် ဒီတစ်ခါ ရွာကို ဘယ်လိုကာကွယ်မလဲ၊ ရောက်လာတဲ့ မိန်းကလေးရဲ့ နောက်ကြောင်းမှာရော ဘာတွေရှိနေမလဲဆိုတာ ဆက်တွေ့ရမှာပါ။ ဇူးရဲ့ လူစွမ်းကောင်းဖြစ်ရေး ကြိုးစားမှု၊ ရပ်ရွာအပေါ်ထားတဲ့ ချစ်ခင်မှုနဲ့ ချစ်ရသူတွေအတွက် အသင့်ရှိနေမှုတွေကို ပေါ့ပေါ့ပါးပါး ပြထားတဲ့ အင်ဒိုနီးရှားမိသားစုဇာတ်ကား ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း