ဇာတ်ကားများ ရွေးရန်

The Wedding Veil Unveiled

2022ဇာတ်ကားအမှတ် 7.3/1084 မိနစ်

The Wedding Veil Trilogy ရဲ့ ဒုတိယကားမှာတော့ မင်္ဂလာမျက်နှာလွှားဇာကို အတူဝယ်ခဲ့ကြတဲ့ သူငယ်ချင်းသုံးယောက်ထဲက Emma ရဲ့အကြောင်းကို ဆက်ပြထားပါတယ်။ အဝေးရောက်ချစ်သူက နောက်တစ်ယောက်နဲ့ တွဲသွားလို့ အသည်းကွဲနေတဲ့ Emma ဟာ အီတလီကို စာသင်ဖို့ ထွက်လာခဲ့တယ်။ သူတို့ဝယ်ထားတဲ့ ဇာထည်ကလည်း အီတလီကဖြစ်နေတော့ မူလဇာစ်မြစ်ကို စုံစမ်းချင်တာနဲ့ တစ်ပါတည်း ယူလာခဲ့ပါတယ်။ အီတလီမှာ စာသင်ရင်း ဇာထည်အကြောင်း လိုက်စုံစမ်းနေတုန်း Paolo ဆိုတဲ့လူတစ်ယောက်နဲ့ ဆုံဖြစ်သွားတယ်။ တိုက်ဆိုင်မှုတွေကြားကနေ နှစ်ယောက်အတူ ဇာထည်ရဲ့ဇာစ်မြစ်ကို ဆက်ရှာဖြစ်ကြပြီး အချစ်စိတ်တွေလည်း ပေါ်လာကြပါတယ်။ ဒါပေမယ့် အဝေးကနေချစ်ရတဲ့ ဆက်ဆံရေးကို ကြောက်နေပြီဖြစ်တဲ့ Emma အတွက် သမုဒ္ဒရာခြားနေမယ့် လူနှစ်ယောက်ရဲ့အချစ်ကို တွေးကြည့်ရုံနဲ့တင် မလွယ်ပါဘူး။ သူတို့နှစ်ယောက်ရဲ့အကြောင်းနဲ့ ဇာထည်နောက်ကသမိုင်းကို အီတလီရဲ့ ရှုခင်းတွေ၊ သမိုင်းပုံပြင်တွေနဲ့အတူ ဆက်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း