Dangerous Methods
အလက်ဆာဟာ ဟောလီးဝုဒ်မှာ အလုပ်လုပ်နေတဲ့ ရည်မှန်းချက်ကြီးတဲ့ လက်ထောက်တစ်ယောက်ပါ။ သူ့အထက်လူကြီး ရှယ်ရွန်ဝါးမန်းက နာမည်ကြီးသရုပ်ဆောင် ဒက်စမွန်ဂေ့ဂျ်ရဲ့ လက်ထောက်အဖြစ် လုပ်ပေးဖို့ ကမ်းလှမ်းလာတဲ့အခါ ငွေလည်းပိုရမယ်၊ ရာထူးလည်းတိုးမယ်ဆိုပြီး ဝမ်းသာအားရ လက်ခံလိုက်ပါတယ်။ အဲဒီအလုပ်ကြောင့် အလက်ဆာဟာ လူသူဝေးတဲ့နေရာတစ်ခုကို ရောက်လာပြီး ဒက်စမွန်နဲ့ အိမ်တစ်လုံးထဲမှာ နှစ်ယောက်တည်း နေရဖို့ ဖြစ်လာတယ်။ ဒက်စမွန်က သူ့သရုပ်ဆောင်ချက် ပီပြင်ဖို့ ရုပ်ရှင်မရိုက်ခင် ကြိုတင်ပြင်ဆင်လေ့ရှိသူပါ။ ဒီတစ်ခါလည်း နောက်ရုပ်ရှင်အတွက် ဇာတ်ကောင်စရိုက်ထဲ စိတ်နှစ်ပြီး လေ့ကျင့်ဖို့ ဒီနေရာကို လာခဲ့တာဖြစ်ပြီး အလက်ဆာ့ကို အကူအညီပေးဖို့ ခေါ်ထားတာပါ။ နာမည်ကြီးသရုပ်ဆောင်တစ်ယောက်ရဲ့ လက်ထောက်အဖြစ် ပထမဆုံးအကြိမ် လုပ်ရတဲ့ အလက်ဆာနဲ့ ဇာတ်ရုပ်ထဲ စျာန်ဝင်နေတဲ့ ဒက်စမွန်တို့ကြား ဘာတွေဖြစ်လာမလဲ။ ဒက်စမွန် အခုလေ့ကျင့်နေတဲ့ ဇာတ်ကောင်ကရော ဘယ်လိုလူမျိုးလဲ။
ဇာတ်လမ်းအကြောင်း