ဇာတ်ကားများ ရွေးရန်

Nitham Oru Vaanam

2022ဇာတ်ကားအမှတ် 6.7/10146 မိနစ်

Arjun ဟာ ငယ်ငယ်ကတည်းက လူတွေနဲ့ စကားပြောရတာထက် စာအုပ်ဖတ်ရတာကို ပိုနှစ်သက်တဲ့ လူငယ်တစ်ယောက်ပါ။ ဖတ်နေတဲ့ ဇာတ်လမ်းထဲက ဇာတ်ကောင်နေရာမှာ ကိုယ့်ကိုယ်ကိုယ် ထည့်ပြီး စိတ်ကူးခံစားတတ်တယ်။ ပင်ကိုက အေးအေးဆေးဆေး တစ်ယောက်တည်း နေတတ်တဲ့အပြင် OCD လည်းရှိတာကြောင့် လူတွေနဲ့ အဆင်ပြေပြေ ပေါင်းသင်းဖို့ ခက်ခဲ့ပါတယ်။ တစ်နေ့မှာတော့ လူတစ်ယောက်နဲ့ တွေ့ဆုံပြီး နှစ်လအကြာမှာ လက်ထပ်ဖို့အထိ ဖြစ်လာတယ်။ ဘဝလေး စိုပြေလာပြီလို့ ထင်နေတုန်း မထင်မှတ်ဘဲ မင်္ဂလာပွဲ ပျက်သွားတဲ့အခါ Arjun စိတ်ဓာတ်ကျသွားပါတယ်။ အဲဒီနောက် အသိဆရာဝန်တစ်ယောက် ရေးထားတဲ့ ဝတ္ထုနှစ်ပုဒ်ကို ဖတ်မိပေမယ့် ဇာတ်သိမ်းတွေကိုတော့ မသိရသေးဘူး။ အရာရာ ပြည့်စုံမှဖြစ်မယ်ဆိုတဲ့စိတ်ရှိတဲ့ Arjun ဟာ အပြင်လောကမှာ တကယ်ရှိနေတဲ့ အဲဒီဇာတ်လမ်းတွေရဲ့အဆုံးသတ်ကို သိရဖို့ ခရီးထွက်လာပါတော့တယ်။ လမ်းမှာ Shubathra နဲ့တွေ့ပြီး အတူခရီးဆက်ဖြစ်သွားကြတယ်။ သူတို့ ဘာတွေကြုံရမလဲ၊ ဝတ္ထုနှစ်ပုဒ်က ဘယ်လိုအဆုံးသတ်မလဲ၊ ဒီခရီးကနေ Arjun ရဲ့ဘဝမှာရော ဘာတွေပြောင်းလဲလာမလဲ။

ဇာတ်လမ်းအကြောင်း