ဇာတ်ကားများ ရွေးရန်

Dragon

2025ဇာတ်ကားအမှတ် 8.0/10157 မိနစ်

Dragon (2025) "နဂါးလေးရာဂါဗန်" လက်ရှိမှာ ၂၀၂၅ ခုနှစ်အတွက် ၀င်ငွေအကောင်းဆုံး တမီလ်စကားပြောရုပ်ရှင်အဖြစ်ရော စတုတ္ထမြောက်၀င်ငွေအကောင်းဆုံးအိန္ဒိယရုပ်ရှင်အဖြစ်ပါ စံချိန်တင်ထားတဲ့ အချစ်-ဒရာမာ-ဟာသဇာတ်လမ်းသစ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ လူတစ်ယောက်တကယ်ပြောင်းလဲချင်ရင် စက္ကန့်ပိုင်းပဲ ကြာတယ်ဆိုတဲ့စကားကို ကြားဖူးမှာပါ။ ဘာမဟုတ်တဲ့ကိစ္စလေးက လူတစ်ယောက်ကို အကြီးအကျယ်ပြောင်းလဲသွားစေနိုင်ပါတယ်။ ဒီဇာတ်လမ်းထဲမှာလည်း ဒီလိုပါပဲ။ ဒီရာဂါဗန်ဆိုတဲ့လူငယ်လေးဟာ ၁၂ တန်းကို ထူးထူးချွန်ချွန်အောင်မြင်ပြီး အင်ဂျင်နီယာကျောင်းကောင်းကောင်းကို ၀င်ခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ သူဆုရတဲ့နေ့မှာပဲ သူကြိုက်နေတဲ့သူငယ်ချင်းကောင်မလေးကို ဖွင့်ပြောမိရာကစလို့ သူ့ဘ၀ကြီးလုံး၀ပြောင်းလဲသွားရဖို့ ဖြစ်လာပါတယ်။ စာတော်ပြီးလိမ္မာရင် မိန်းကလေးတွေကြိုက်ကြမယ်လို့ အထင်ရှိခဲ့တဲ့ လူလိမ္မာလေးရာဂါဗန်တစ်ယောက် သူချစ်တဲ့မိန်းကလေးက ကျောင်းကလူဆိုးလူပေကိုမှ ကြိုက်နေတာကို သိသွားပါတယ်။ အဲဒီကစလို့ ရာဂါဗန်ဟာ စာတော်တဲ့လူလိမ္မာကျောင်းသားလေးဘ၀ကို တစ်ခန်းရပ်ပစ်လိုက်ပါတယ်။ ဒီရာ‌ဂါဗန်ဆိုတဲ့နာမည်ကိုလည်း နဂါးလေးလို့ သူ့ကိုယ့်သူပြောင်းမှည့်ပြီး အင်ဂျင်နီယာကျောင်းမှာ ကမ်းကုန်အောင်ဆိုးပါတော့တယ်။ သူ့ရဲ့ဆိုးမိုက်မှုတွေကြောင့်ဘွဲ့ရခါနီးမှ ကျောင်းတန်းလန်းနဲ့ ဟိုမရောက်ဒီမရောက် ဖြစ်သွားပါတယ်။ ဘွဲ့မရ အလုပ်မရှိနဲ့ ဘ၀ကိုအချိန်ဖြုန်းလေလွင့်နေပေမဲ့ မိဘတွေကိုတော့ အလုပ်ရှိသယောင် လုပ်ဇာတ်ခင်းထားတာပါ။ ဒီလိုနဲ့တစ်နေ့တော့ ၆ နှစ်ကြာအောင် သူ့ရဲ့ဆိုးမိုက်မှုဒဏ်ကို သည်းခံပေးလာတဲ့ ချစ်သူမိန်းကလေးကပါ သူ့ကို ထားသွားဖို့အကြောင်းဖန်လာတဲ့အခါ... လေလွင့်‌နေတဲ့ ရာဂါဗန်တစ်ယောက် နောင်တရလာမှာလား၊ သူ့ဘ၀ပြောင်းလဲလာပါဦးမလား၊ သူ့မိဘတွေနဲ့ရော ဘယ်လိုရှေ့ဆက်စခန်းသွားမလဲဆိုတာကို အချစ်နဲ့ဒရာမာမှာ ဟာသလေးပါနှောပြီး ကြည့်ကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 2.4 GB / 1.2 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 37m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team

ဇာတ်လမ်းအကြောင်း