ဇာတ်ကားများ ရွေးရန်

The Problem with People

2024ဇာတ်ကားအမှတ် 5.8/10102 မိနစ်

ပေါ့​ပေါ့ပါး​ပါး ကြည့်ရှု​လို့​ရမဲ့ ဟာသ​ရုပ်ရှင်​လေး​တစ်ခု​ ဖြစ်​တဲ့ ဒီဇာတ်ကားလေးက buddy comedy အမျိုး​အစား​ဖြစ်​ပြီး​ ဇာတ်​ဝင်​ခန်း​အများ​စုကို အိုင်​ယာ​လန်​နိုင်ငံ​ ကျေး​လက်ဒေသတွေမှာ​ပဲ ရိုက်ကူး​ထားတာဖြစ်ပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့​ Ciaran နဲ့ Berry တို့​ဟာ​ တစ်ဝမ်းကွဲ​ညီအစ်ကို​တွေ​ ဖြစ်​ကြပေမဲ့ တစ်ယောက်​ကို​ တစ်ယောက်​ တစ်ခါမှ​ မမြင်ဖူးသူတွေပါ။ ဒီလို​ဖြစ်​ရတာ​က ဆယ်စုနှစ်​များစွာ​ ကြာမြင့်​ခဲ့ပြီ​ဖြစ်တဲ့ မိသားစု​တစ်​ခုတည်းက မျိုး​ဆက်​နှစ်​စုအကြား ပဋိပက္ခ​ကြောင့်​ဖြစ်​ပါတယ်။ မျိုး​ဆက်​တစ်​ခုက​ အမေရိက​မှာ​ အခြေ​ချ​ပြီး​ ကျန်​တစ်​ခုက​ အိုင်​ယာ​လန်​မှာပဲ အခြေ​စိုက်​ပါတယ်​။ ဒီလို​နဲ့​ Ciaran ရဲ့အ​ဖေ ဆန္ဒ​အတိုင်း​ နယူးယောက်​က Berry တစ်ယောက်​ အိုင်​ယာ​လန်​ကို​ ရောက်လာပါတော့တယ်။ အစပိုင်းမှာ Ciaran​ နဲ့ Berry တို့​ အချင်း​ချင်း​ အဆင်​ပြေ​ပေမဲ့​ နောက်​ပိုင်း​မှာ အမွေ​ကိစ္စ​ကြောင့် နှစ်​ယောက်​သား ခွာ​ပြဲ​သွား​ကြပြီ​ တစ်ယောက်​ကို​တစ်ယောက်​ ဒုက္ခ​ပေး​ကြပါ​တော့​တယ်​။ ဇာတ်လမ်း​အမျိုး​အစားက ပေါ့​ပေါ့ပါး​ပါး​ ဟာသ​ရုပ်ရှင်​ ဖြစ်​ပြီး​ ဇာတ်​အိမ်​ရိုး​ရှင်း​သလို​ အိုင်း​ရစ်​ရှ်နောက်ခံဂီတတွေနဲ့ အပျင်းပြေကြည့်ရှုလို့ကောင်းမဲ့ ဇာတ်​ကား​တစ်​ကား​ဖြစ်​ပါတယ်​။ File size…(1.9 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Thriller, Drama  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Wolfenheim

ဇာတ်လမ်းအကြောင်း