ဇာတ်ကားများ ရွေးရန်

I Am The King

2012ဇာတ်ကားအမှတ် 6.4/10120 မိနစ်

I Am The King (2012) IMDb..... 6.4 I am the King ရုပ်ရှင်ဇာတ်ကားဟာ ၂၀၁၂ခုနှစ်မှာ ပြသခဲ့တဲ့ သမိုင်း​နောက်ခံ ဟာသရုပ်ရှင်ကားဖြစ်ပြီး သရုပ်​ဆောင်​တွေက​တော့ Ju Ji-hoon, Park Yeong-gyu, Baek Yoon-sik, Byun Hee-bong, Kim Soo-ro နဲ့ Lee Haneeတို့ အဓိကပါဝင်ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဥ်းက​တော့ အိမ်​ရှေ့စံအဖြစ် တင်မြှောက်ခံထားရတဲ့ သားအကြီး မင်းသားယန်း​​ညောက ​ သောက်စားမူးယစ်ပြီး ​ပျော်​ပါး​နေတာ​ကြောင့် ရာထူးချပြီး ဘုရင်ထယ်ဂျုံးက တတိယ​မြောက်သား​တော် မင်းသားချွန်း​ညောကို အိမ်​ရှေ့စံအဖြစ် တင်​မြှောက်လိုက်ပါ​တော့တယ်။  ဒါပေမဲ့လည်း မင်းသားချွန်း​​ညောဟာ တိုင်းပြည်​ရေးကို စိတ်မဝင်စားဘဲ စာ​​ပေ​ကိုပဲ လေ့လာလိုက်စားချင်တဲ့သူဖြစ်တယ်။ ဘုရင်ဖြစ်ချင်တဲ့ဆန္ဒမရှိတာ​ကြောင့် နန်း​တော်ထဲက ထွက်​ပြေးသွားတဲ့အချိန်မှာ မင်းသားချွန်း​​ညောနဲ့ တစ်ပုံစံတည်းတူတဲ့ အ​စေခံ​ဒေါ့ချီဆိုသူကလည်း နန်း​တော်ထဲ ခိုးဝင်လာတာနဲ့ ကွက်တိဖြစ်ပြီး နှစ်ယောက်သား လူလဲကာ ​ဒေါ့ချီက အိမ်​ရှေ့စံအစား နန်း​တော်ထဲက ဖိအား​တွေခံစားရပြီး မင်းသားချွန်း​​ညောက အ​စေခံအစား နှိပ်စက်ခံရတဲ့အချိန်.... တိုင်းပြည်ရဲ့ ပကတိအ​ခြေအ​နေကို မျက်ဝါးထင်ထင် သိမြင်လိုက်တဲ့အခါ ဘုရင်မဖြစ်ချင်တဲ့ မင်းသားချွန်း​ညောအ​နေနဲ့ ပြည်သူလူထုကို မျက်ကွယ်ပြုသွားမလား ဒါမှမဟုတ် ပြည်သူလူထုအတွက် မားမားမတ်မတ် ရပ်တည်သွားမလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ရှုစားလိုက်ပါဦးရှင်။ File Size : 2.11GB/ 0.98GB Quality : Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration…02:01:00 Genre : Comedy, Drama, History Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း