Enola Holmes 2
မိခင်ပျောက်ဆုံးမှုနဲ့ တုစ်ဘူရီရဲ့အမှုတို့ကို ဖြေရှင်းနိုင်ခဲ့ပြီးတဲ့နောက် အနိုလာဟုမ်းစ်က ကိုယ့်အစွမ်းကို ယုံကြည်လာပြီး ကိုယ်ပိုင်စုံထောက်လုပ်ငန်းတစ်ခု ဖွင့်လိုက်ပါတယ်။ ဒါပေမယ့် ငယ်ရွယ်တဲ့မိန်းကလေးတစ်ယောက်ကို ယုံယုံကြည်ကြည် အမှုလာအပ်မယ့်သူ မရှိတော့ လုပ်ငန်းက အရှုံးပေါ်ပြီး ရုံးခန်းပိတ်ဖို့တောင် စီစဉ်လာရတယ်။ အဲဒီအချိန်မှာ မီးခြစ်ဆံစက်ရုံအလုပ်သမ ကောင်မလေးတစ်ယောက်က ပျောက်နေတဲ့အစ်မကို ရှာပေးဖို့ ရောက်လာပါတယ်။ အနိုလာက လူပျောက်ကို လိုက်ရှာရင်း ဒီအမှုဟာ ထင်ထားသလို ရိုးရိုးလူပျောက်မှုမဟုတ်ဘဲ မသမာမှုတွေ၊ လာဘ်စားမှုတွေနဲ့ လူသတ်မှုတွေပါ ရောယှက်နေမှန်း တွေ့လာတယ်။ စုံစမ်းလေလေ သူကိုယ်တိုင်လည်း အန္တရာယ်တွေနဲ့ ရင်ဆိုင်လာရပါတယ်။ နက်ဖလစ်ရဲ့ ဒီဒုတိယကားမှာ မီလီ ဘော်ဘီ ဘရောင်းက အနိုလာအဖြစ်၊ ဟင်နရီ ကာဗယ်က အစ်ကိုဖြစ်သူ ရှားလော့ခ်ဟုမ်းစ်အဖြစ် ပြန်ပါဝင်ထားပါတယ်။ အစ်ကိုကြီး မိုက်ခရော့ဖ်တော့ ပြန်မပါလာပေမယ့် အနိုလာနဲ့ လော့ဒ်တုစ်ဘူရီတို့ရဲ့ အချစ်ဇာတ်လမ်းကို ဆက်ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း