ဇာတ်ကားများ ရွေးရန်

Sardar

2022ဇာတ်ကားအမှတ် 7.5/10167 မိနစ်

ဗီဂျေးဟာ တမီလ်နာဒုပြည်နယ်တစ်ဝိုက်မှာ လူသိများတဲ့ ရဲအရာရှိတစ်ယောက်ပါ။ သူ့လုပ်ဆောင်ချက်တွေကြောင့် တမီလ်နာဒုရဲဌာနလည်း နာမည်ကောင်းရခဲ့ပေမယ့် မိသားစုရဲ့အတိတ်က သူ့ကို အခုထိ လိုက်ရိုက်ခတ်နေပါတယ်။ သူ့ဖခင် ဆာဒါဟာ နိုင်ငံအတွက် စပိုင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူပါ။ ဒါပေမဲ့ နိုင်ငံတော်သစ္စာဖောက်လို့ သတ်မှတ်ခံခဲ့ရပြီး အဲဒီနောက်မှာ သေလား၊ ရှင်လားတောင် မသိရတော့ပါဘူး။ ဗီဂျေး ဘယ်လောက်ပဲ ကောင်းကျိုးဆောင်နေပါစေ ဖခင်အပေါ်က စွပ်စွဲချက်ရဲ့ အရိပ်က မပျောက်သေးဘူး။ တစ်ဖက်မှာတော့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်က နိုင်ငံ့အကျိုးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပရောဂျက်တစ်ခု လုပ်ဖို့ ကြံနေပါတယ်။ တကယ်တော့ ပြည်သူတွေဆီကနေ အမြတ်ထုတ်ဖို့ပါ။ ဒီအကြောင်းကို သိထားတဲ့ စပိုင်တွေက ပရောဂျက်ကို တားဆီးဖို့ ကြိုးစားကြရင်း ဒီကိစ္စကို ဆာဒါတစ်ယောက်ပဲ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်လာကြတယ်။ သူတို့အားကိုးချင်တဲ့သူကတော့ အသက်ရှင်နေသေးလားဆိုတာတောင် မသိရတဲ့သူ ဖြစ်နေပါတယ်။ ကာသီနဲ့ ရာရှီးခန်နားတို့ အဓိကပါဝင်ထားတဲ့ စပိုင်အက်ရှင်ဇာတ်ကားဖြစ်ပြီး ကာသီက နှစ်ကိုယ်ခွဲ သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း