Monica, O My Darling
နည်းပညာကျောင်းသား ဂျယန့်ဟာ ကျောင်းပြပွဲတစ်ခုမှာ သူ့အလုပ်ကို တင်ဆက်ပြသနေရင်း စက်ရုပ်ကုမ္ပဏီတစ်ခုရဲ့ စီအီးအို သဘောကျတာကို ခံလိုက်ရပါတယ်။ အဲဒီကနေ ကုမ္ပဏီဒါရိုက်တာအဖြစ် ခန့်အပ်ခံရပြီး စီအီးအိုရဲ့သမီးနဲ့လည်း ချစ်ကြိုက်နေတယ်။ ဒါပေမဲ့ လူမသိအောင် မိုနီကာဆိုတဲ့ အပျော်မယ်တစ်ယောက်နဲ့လည်း တွဲနေပါသေးတယ်။ ပြဿနာက မိုနီကာက သူ့မှာ ဂျယန့်နဲ့ရတဲ့ ကိုယ်ဝန်ရှိနေပြီဆိုပြီး ကလေးစရိတ်တောင်းလာတဲ့အခါ စတာပါ။ ချစ်သူနဲ့အဆင်ပြေချင်သလို ဆင်းရဲတဲ့ဘဝကနေ တက်လာခဲ့တဲ့ ဂျယန့်အတွက် အခုရထားတဲ့ စည်းစိမ်တွေ ဆုံးရှုံးသွားမှာလည်း ကြောက်နေရတယ်။ ချစ်သူနဲ့သာ လက်မဆက်နိုင်ရင် ဒီအရာတွေ ပျောက်သွားနိုင်တယ်လို့ သူ စိုးရိမ်နေတာပါ။ ဒီလိုစိတ်ညစ်နေတုန်း သူနဲ့အခြေအနေတူတဲ့ နောက်နှစ်ယောက်ကို တွေ့လာပါတယ်။ တစ်ယောက်က သူ့ချစ်သူရဲ့အစ်ကို၊ နောက်တစ်ယောက်က ကုမ္ပဏီက စာရင်းကိုင်ပါ။ သူတို့နှစ်ယောက်ကိုလည်း မိုနီကာက အလားတူ ခြိမ်းခြောက်ငွေညှစ်နေတယ်။ နောက်ဆုံး သုံးယောက်ပေါင်းပြီး မိုနီကာကို သတ်ပစ်ဖို့ ကြံကြတော့တာပါ။ ဒီလိုလုပ်လိုက်ရင် သူတို့ထင်သလို အရှုပ်အထွေးတွေကနေ လွယ်လွယ်နဲ့ လွတ်သွားနိုင်ပါ့မလား။ ရာဂျ်ကူမားရောင်း၊ ဟူမားကူရေရှီနဲ့ ရာဒီကားအာပ်တေးတို့ ပါဝင်ထားတဲ့ ဟင်ဒီဟာသမှုခင်းကားပါ။ ရာဂျ်ကူမားရောင်းဟာ Stree (2018)၊ Hit: The First Case (2022)၊ Roohi (2021)၊ Kai Po Che! (2013) နဲ့ Shahid (2012) တို့မှာလည်း ပါဝင်ထားသူဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း