D@bbe 5: Curse of the Jinn
ဇာတ်လမ်းအစမှာ အမျိုးသမီးတစ်ယောက် မီးဖွားနေပါတယ်။ ဘေးမှာ ဝိုင်းကူနေသူတွေရဲ့ အားပေးသံတွေနဲ့ မိခင်ရဲ့ နာကျင်စွာအော်ညည်းသံတွေကြားက ကလေးငိုသံ ထွက်လာတယ်။ မိခင်က ပင်ပန်းလွန်းလို့ လှဲနားနေတုန်း လူတစ်စု ရုတ်တရက် ဝင်လာပြီး ဝမ်းဆွဲသည်ဆီက မွေးကင်းစကလေးကို လုယူသွားကြပါတယ်။ ထိတ်လန့်သွားတဲ့ မိခင်က သူတို့ဘယ်သူတွေလဲ၊ ကလေးကို ဘယ်ခေါ်သွားကြမလို့လဲလို့ အော်မေးပြီး တောင်းပန်ပေမယ့် ဘယ်သူမှ ဂရုမစိုက်ကြဘူး။ ဝမ်းဆွဲသည်တွေကလည်း ကလေးယူသွားသူတွေကို မတားဘဲ မိခင်ကိုပဲ ဝိုင်းချုပ်ထားကြတယ်။ အဲဒီနောက် အိုမာနဲ့ ဒီလေ့တို့စုံတွဲဆီ ဇာတ်လမ်းရောက်လာပါတယ်။ ဒီလေ့က အခုတလော ညတိုင်းလိုလို အိပ်မက်ဆိုးတွေ မက်နေပြီး လူတစ်စုက မိခင်ဆီက ကလေးကို လုယူသွားတဲ့ပုံရိပ်ကို ထပ်ခါထပ်ခါ မြင်နေရတယ်။ အဲဒီအိပ်မက်တွေကြောင့် စိတ်ပူပန်ရင်း ကျန်းမာရေးပါ ထိခိုက်လာသလို မမြင်သင့်တဲ့အရာတွေလည်း မြင်လာရပါတယ်။ အိုမာက ဇနီးကို စိတ်ရောဂါဆရာဝန်နဲ့ ပြချင်ပေမယ့် ဒီလေ့ရဲ့ သူငယ်ချင်းစုံတွဲကတော့ ပယောဂဆရာနဲ့ ပြဖို့ အကြံပေးကြတယ်။ ဒီလေ့က ဒီအဖြစ်အပျက်ကို ဘာကြောင့် ထပ်ခါထပ်ခါ အိပ်မက်မက်နေတာလဲ၊ သူမနဲ့ ဘယ်လို ပတ်သက်နေသလဲ။ အိုမာထင်သလို ပင်ပန်းလွန်းလို့ စိတ်ခြောက်ခြားနေတာလား၊ ဒါမှမဟုတ် ပယောဂကြောင့်လားဆိုတာကို လျှို့ဝှက်သည်းဖိုပုံစံနဲ့ ဆက်ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း