Dhokha: Round D Corner
လင်မယားနှစ်ယောက် စကားများကြရာက ဆန်ချီးဟာ ခင်ပွန်းကို ကွာရှင်းပေးဖို့ ပြောလာပါတယ်။ အဲဒီနောက် ဆန်ချီးတစ်ယောက်တည်း အိမ်မှာကျန်နေချိန် အကြမ်းဖက်သမားတစ်ယောက် ဝင်စီးလာတော့တယ်။ ကယ်တင်ဖို့ ရောက်လာတဲ့ရဲတွေကို ခင်ပွန်းဖြစ်သူက ဆန်ချီးမှာ စိတ်ထင်ယောင်ထင်မှားဖြစ်တတ်တဲ့ ဝေဒနာရှိကြောင်း ပြောပြီး အမြန်ဆုံး ကယ်ပေးဖို့ တောင်းဆိုပါတယ်။ ဒါပေမယ့် အိမ်ထဲက အကြမ်းဖက်သမားကို ဆန်ချီးပြောပြနေတာက တခြားတစ်မျိုးပါ။ သူ့ယောက်ျားဟာ အိမ်ထောင်ရေးဖောက်ပြန်နေပြီး သူပိုင်သမျှကို လိုချင်လို့ ချစ်သူဖြစ်တဲ့ စိတ်ရောဂါအထူးကုဆရာဝန်မနဲ့ ပေါင်းကာ သူ့ကို စိတ်ရောဂါဆေးတွေ တိုက်နေတယ်လို့ ပြောတယ်။ ဆန်ချီးက သူ့ကို အမြန်ဆုံး သတ်ပေးဖို့ပါ တောင်းဆိုလိုက်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ပြောပုံချင်း မတူကြတဲ့ ဒီလင်မယားကြားမှာ ဘယ်သူက အမှန်ပြောနေပြီး ဘယ်သူက လှည့်စားနေတာလဲ။ မာဒဗန်း ပါဝင်သရုပ်ဆောင်ထားတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း