Pollen
ဟယ်ရာက အသက် ၂၃ နှစ်အရွယ်၊ အလုပ်မှာ အမြင့်ဆုံးရာထူးအထိ ရောက်ဖို့ ရည်မှန်းထားတဲ့ မိန်းကလေးတစ်ယောက်ပါ။ အဲဒီရည်မှန်းချက်နဲ့ ကြိုးစားနေပေမဲ့ လုပ်ဖော်ကိုင်ဖက်တွေဆီက အနိုင်ကျင့်မှုတွေက သူ့အိပ်မက်တွေကို ပျက်စီးစေခဲ့တယ်။ ကျူးလွန်သူအတွက် မဖြစ်စလောက်လို့ ထင်ရတဲ့ လုပ်ရပ်တစ်ခုဟာ ခံရသူအတွက် တစ်ဘဝလုံးစာ ထိခိုက်မှုဖြစ်သွားနိုင်တဲ့အကြောင်းကို ဟယ်ရာရဲ့ လုပ်ငန်းခွင်အတွေ့အကြုံကနေ ပြထားပါတယ်။ အထက်လူကြီးတစ်ယောက်ရဲ့ မုဒိမ်းကျင့်မှုကို ခံခဲ့ရပြီးနောက် အဲဒီလူ လက်ဆောင်ပေးထားတဲ့ ပန်းပင်ကနေလည်း မကောင်းဆိုးဝါးတစ်ကောင် ကပ်ပါလာတယ်။ လုပ်ငန်းခွင်မှာ အဆင်မပြေမှုတွေ ကြုံနေရတဲ့အပြင် မကောင်းဆိုးဝါးက အိပ်မက်တွေထဲအထိ လိုက်နှောင့်ယှက်လာတဲ့အခါ ဟယ်ရာ ဘယ်လိုရင်ဆိုင်သွားမလဲ။
ဇာတ်လမ်းအကြောင်း