ဇာတ်ကားများ ရွေးရန်

Dogma

1999ဇာတ်ကားအမှတ် 6.9/10130 မိနစ်

IMDB Rating - 7.3/10 ၁၉၉၉ ခုနှစ်​က ထွက်ရှိ​ခဲ့တဲ့​ ဒီရုပ်ရှင်ဟာ ခရစ်ယာန်​သာသနာ အထူးသဖြင့်​ ကတ်​သလစ်ကျောင်းတော်ရဲ့ တရားသေ အယူအဆ​တွေ​ သမ္မာကျမ်းစာလာ ဒေသနာ​တွေနဲ့ ဘာသာရေး​အင်​စတီကျူးရှင်းတွေရဲ့ အကျင့်​ပျက်​မှုတွေကို​ ပြောင်​ပြောင်​တင်းသရော်​ထား​တဲ့အတွက်​ အနောက်​နိုင်ငံတွေ​က ကတ်​သလစ်အသိုင်းအဝိုင်းတွေကို ပွက်​လော​ရိုက်​သွား​စေခဲ့ပါတယ်။ ဒါရိုက်တာ​ဖြစ်သူ​လည်း အီးမေးလ်ကနေ ဆဲဆိုစာတွေ၊ ခြိမ်း​ခြောက်​စာတွေ ထောင်​နဲ့ချီ ရရှိ​ခဲ့တယ်လို့ ဆိုပါတယ်။ ဥပမာ​ပြောရရင်​ ဒီရုပ်ရှင်​ထဲမှာ​ ဘုရား​သခင်​ကို အမျိုး​သမီး​အဖြစ်​ ပုံ​ဖော်​ထားတာတွေ၊ ခရစ်တော်​ရဲ့ Apostle ဆယ့်နှစ်ပါးအပြင် ၁၃ ပါးမြောက် Apostle လည်း​ရှိခဲ့ပြီး အဲဒီ​ နောက်​ဆုံး Apostle က လူမည်း​ဖြစ်နေ​လို့ သမ္မာကျမ်းထဲမှာ ချန်​လှပ်​ခဲ့တယ်​ဆိုတာ​တွေ၊ လူလူချင်း ကျွန်​ပြုရောင်းဝယ်တဲ့ခေတ်နဲ့ ဂျူး​တွေရဲ့ ဟိုလိုကော့စ်ဖြစ်ရပ်တွေမှာ ကတ်သလစ်ကျောင်းတော်က လက်​ပိုက်​ကြည့်နေခဲ့တဲ့အကြောင်းတွေ စသဖြင့် ကျောင်း​တော်​ရဲ့ တရား​သေ အယူအဆ​တွေကို သရော်​လှောင်​ပြောင်​ထားတဲ့​ ဒိုင်​ယာ​လော့​တွေ အများကြီး​ပါဝင်​ပါတယ်​။ ရုပ်ရှင်​ထဲမှာ Ben​ Affleck, Matt Damon, Linda Florentino, Salma Hayek နဲ့ Chris Rock လို နာမည်ကြီး​သရုပ်ဆောင်​များ ပါဝင်​ထား​တဲ့အပြင်​ ၂၀၀၀ ဝန်းကျင်က နာမည်ကြီး​အဆိုတော်​ Alanis Morissette​ ကလည်း ဘုရား​သခင်​အဖြစ်​ ပါဝင်​ထားပါသေးတယ်။ ဒါရိုက်တာ​ကတော့ Kevin Smith ဖြစ်​ပြီး ဒီရုပ်ရှင်ထဲမှာပဲ Silent Bob ဆို​တဲ့ ဇာတ်​ကောင်​အဖြစ်​ ပါဝင်​အားဖြည့်​ထား​ပါသေးတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့​ Bartleby နဲ့ Loki တို့ဟာ တမန်​တော်​နှစ်​ပါးဖြစ်ပြီး ဘုရား​သခင်​က အပြစ်​ပေးထားတာကြောင့် လူ့ပြည်က ဝစ္စကွန်ဆင်ပြည်နယ်မှာ နေထိုင်​နေကြ​ပါတယ်​။ တစ်​နေ့မှာ​ သူတို့ရဲ့အပြစ်တွေကို ချေဖျက်​ပြီး ကောင်း​ကင်ဘုံ​ကို တစ်ဖန်ပြန်ဝင်နိုင်မဲ့ ယိုပေါက်​တစ်ခုကို တွေ့ရှိ​ခဲ့ပါတယ်။ ဒါကတော့​ ကတ်​သလစ်သာသနာရဲ့ တရား​သေ ယုံကြည်မှု​တစ်​ခုဖြစ်တဲ့ Planery Indulgence ဖြစ်​ပြီး​ နယူး​ဂျာစီက ဘုရား​ကျောင်း​တစ်ခု​ထဲက မုခ်​ဦး​တစ်ခုကို​ ဖြတ်​လျှောက်​လိုက်​ရုံနဲ့ ဘုရား​သခင်​က သူတို့​နှစ်ဦး​ကို ခွင့်​လွှတ်​ရမှာ ဖြစ်​တယ်​လို့ဆိုပါတယ်။ ဒါပေမဲ့​ ဒီကိစ္စ​က ​ထင်ထားတာထက် နက်​နဲပြီး သူတို့နှစ်ဦး​ မုခ်​ဦး​ကိုဖြတ်လိုက်တာနဲ့ တစ်လောကလုံးရဲ့ ဖြစ်​တည်​မှုကို ပြောင်းပြန်လှန်သလိုဖြစ်ပြီး အရာအားလုံး​ ပျက်​သုဉ်း​သွားမှာပါ။ ဒီတော့ ဘုရား​သခင်​ရဲ့ အသံတော်ဖြစ်တဲ့ Metatron ကနေ ဦး​ဆောင်​ပြီး အဖွဲ့တစ်ခု ဖွဲ့စည်း​ကာ တမန်​တော်​နှစ်​ပါး​ကို တားဆီး​ဖို့ ပြင်ဆင်​ရပါ​တော့တယ်။ အဖွဲ့​ထဲမှာ The Last Scion ဖြစ်​တဲ့ မိန်းကလေး​တစ်ဦး၊ ခရစ်​တော်​ရဲ့ ၁၃ ပါးမြောက်​ Apostle​ နဲ့ Muse နတ်သမီး​တစ်ပါး၊ ဆေးသမား ​ဂျလေဘီနှစ်ယောက်​ ပါဝင်​ကြပါ​တယ်။ ဇာတ်လမ်း​အမျိုး​အစား​က Satire/Comedy အမျိုး​အစား​ဖြစ်​ပြီး​ ဒီရုပ်ရှင်ကို မုန်း​တီး​ကြသူတွေရှိသလို ​ယုံကြည်​မှု​နဲ့ဆိုင်တဲ့ လေးနက်​တဲ့ အကြောင်း​အရာ​တွေ​ကို ဟာသဆန်​တဲ့ ဒိုင်​ယာ​လော့တွေနဲ့ အနား​သတ်​ထား​ပုံ​တွေ၊ ရဲဝံ့ပြောင်မြောက်တဲ့ မေး​ခွန်း​ထုတ်​သရော်​ထားမှုတွေကြောင့်လည်း လူကြိုက်များတဲ့ cult- classic ရုပ်​ရှင်​လို့လည်း သတ်မှတ်​နိုင်​ပါတယ်။ ရိုင်း​ပျပြင်းထန်တဲ့ စကားလုံး​တွေ၊ ပြကွက်တွေ ပါဝင်​တာကြောင့်​ R-rated သတ်မှတ်​ထား​ပြီး၊ ဘာသာ​ရေး​အရ ထိရှ​လွယ်​သူတွေ ကြည့်​ရှု​ဖို့​မသင့်ပါဘူး။ File size…(1.6 GB)/(897 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Fantasy, Comedy, Adventure  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Wolfenheim

ဇာတ်လမ်းအကြောင်း