Lethal Weapon
ရဲအရာရှိ ရော်ဂျာက ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနေသူပါ။ အသက် ၅၀ ပြည့်မွေးနေ့ကို မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးပြီး ခါတိုင်းလို အလုပ်သွားတဲ့အခါမှာတော့ သတင်းဆိုးတစ်ခု ကြားလိုက်ရတယ်။ စစ်ပွဲမှာ အတူတိုက်ခဲ့ဖူးပြီး သူ့အသက်ကိုပါ ကယ်ခဲ့တဲ့ သူငယ်ချင်းဟောင်းရဲ့သမီး တိုက်ပေါ်က ခုန်ချသွားတဲ့အမှုပါ။ အဲဒီသူငယ်ချင်းနဲ့ ရော်ဂျာ အဆက်အသွယ်ပြတ်နေတာလည်း ၁၂ နှစ် ရှိနေပြီဖြစ်ပါတယ်။ ဒီအမှုကို အတူလိုက်ဖို့ ရလာတဲ့ တွဲဖက်အသစ်က မာတင်ရစ်ဂ်ဆိုတဲ့ လူငယ်ရဲအရာရှိပါ။ အရင်က အထူးတပ်ဖွဲ့ဝင်ဖြစ်ခဲ့ပြီး အရည်အချင်းရှိပေမယ့် ချစ်ရတဲ့ဇနီး မကြာသေးခင်က ဆုံးပါးသွားလို့ စိတ်မတည်မငြိမ် ဖြစ်နေတယ်။ ကိုယ့်အသက်ကို အဆုံးစီရင်ဖို့တောင် ကြိုးစားနေသူပါ။ ကမူးရှူးထိုးနဲ့ စိတ်ထင်သလို လုပ်တတ်တဲ့ ရစ်ဂ်နဲ့ အေးအေးဆေးဆေး နေချင်တဲ့ ရော်ဂျာတို့ဟာ စရိုက်ချင်း ဆန့်ကျင်နေပေမယ့် ဒီအမှုမှာတော့ တွဲပြီး အလုပ်လုပ်ကြရပါတယ်။ Mel Gibson ငယ်စဉ်က ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အက်ရှင်၊ မှုခင်းနဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်ဖြစ်ပါတယ်။ သူဟာ Braveheart၊ Conspiracy Theory တို့မှာ သရုပ်ဆောင်ခဲ့သလို Hacksaw Ridge ကိုလည်း ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သူပါ။
ဇာတ်လမ်းအကြောင်း