ဇာတ်ကားများ ရွေးရန်

We Are What We Are

2013ဇာတ်ကားအမှတ် 5.7/10105 မိနစ်

ပါကာမိသားစုဟာ ရှေးခေတ်က ရိုးရာဓလေ့တစ်ခုကို ဆက်လက်ကျင့်သုံးနေကြပေမဲ့ အဲဒီအကြောင်းကို မြို့ထဲက ဘယ်သူမှ မသိကြပါဘူး။ မစ္စတာပါကာရဲ့ သမီးနှစ်ယောက်ဖြစ်တဲ့ အိုင်းရစ်နဲ့ ရို့စ်တို့က ရုပ်ရည်ရော စိတ်ထားပါ လှပကြလို့ လူတိုင်းက ချစ်ခင်ကြတယ်။ သူတို့မိသားစုရဲ့ နောက်ကွယ်မှာတော့ ကြောက်စရာဓလေ့တစ်ခု ရှိနေပါတယ်။ အမေဖြစ်သူ ဆုံးပါးသွားတဲ့အခါ မိသားစုရိုးရာကို ဆက်ထိန်းသိမ်းရမယ့် တာဝန်က သမီးကြီး အိုင်းရစ်အပေါ် ကျလာတယ်။ ဒီဓလေ့ကို လက်ခံဖို့ ခက်ခဲနေတဲ့ ညီအစ်မနှစ်ယောက်ဟာ အိမ်ကနေ ရုန်းထွက်ဖို့ ကြိုးစားကြတော့မှာပါ။ သူတို့ လွတ်မြောက်နိုင်ပါ့မလား၊ မိသားစုက ဖုံးကွယ်ထားတဲ့ ရိုးရာဓလေ့က ဘာလဲဆိုတာကို တဖြည်းဖြည်း ဖော်ပြသွားတဲ့ အမေရိကန် ထိတ်လန့်သည်းဖိုဇာတ်လမ်းဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း