ဇာတ်ကားများ ရွေးရန်

Lethal Weapon 4

1998ဇာတ်ကားအမှတ် 6.6/10127 မိနစ်

Lethal Weapon ရဲ့ စတုတ္ထကားမှာတော့ ရစ်ဂ်စ်က ဆံပင်ညှပ်ထားပြီး သူရော မာတော့ဖ်ပါ အသက်အရွယ်ရလာတဲ့ဒဏ်ကို နည်းနည်းချင်း ခံစားနေကြရပါပြီ။ ဒါပေမဲ့ ရစ်ဂ်စ်ကတော့ ကိုယ့်ကိုယ်ကိုယ် မအိုသေးဘူးလို့ ယူဆနေဆဲဖြစ်ပြီး မိုက်မိုက်ကန်းကန်း စွန့်စားတာတွေ လုပ်တုန်းပါပဲ။ ဒီတစ်ခါလည်း နှစ်ယောက်သား ကိုယ့်ဘာသာနေကြရင်း ပြဿနာက သူတို့ဆီ ရောက်လာပြန်ပါတယ်။ ဒီကားမှာ ဂျက်လီနဲ့ ဟာသသရုပ်ဆောင် Chris Rock တို့ပါ ပါဝင်လာကြပါတယ်။ Mel Gibson တို့နဲ့ ဂျက်လီတို့ အပြိုင်သရုပ်ဆောင်ထားတဲ့ အက်ရှင်ခန်းတွေအပြင် Chris Rock ပါဝင်တဲ့ ဟာသခန်းတွေလည်း ပါရှိပါတယ်။

ဇာတ်လမ်းအကြောင်း