Kara (2026) ဒီတစ်ခါ တင်ဆက်ပေးလိုက်တဲ့ မင်းသားကြီးဒနွတ်ရှ်ရဲ့ဇာတ်ကားကတော့၂၀၂၆ ခုနှစ် ဧပြီလ ၃၀ ရက်နေ့မှာ ကမ္ဘာတစ်ဝှမ်းလုံးရှိ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသခဲ့ပြီး အိန္ဒိယရူပီး၅၀ ကုဋေ(အမေရိကန်ဒေါ်လာ ၅.၂ သန်းခန့်) ရရှိခဲ့ပါတယ်။ ဒုစရိုက်လောကကနေ အနားယူပြီး ချစ်ရသူနဲ့ဘ၀ကို အေးအေးချမ်းချမ်း ဖြတ်သန်းချင်တဲ့ ဖောက်ထွင်းရေးသမား ကာရာဆာမီဟာ သူရဲ့နောက်ဆုံးဖောက်ထွင်းမှုကို ကျူးလွန်နေရင်း မထင်မှတ်ဘဲ အဖမ်းခံလိုက်ရပါတော့တယ်။ အကျဉ်းထောင်က လွတ်မြောက်လာပြီးနောက် ဘဝသစ်စတင်ဖို့ ကြိုးစားပေမဲ့ ဆင်းရဲမွဲတေမှုနဲ့ မတရားတဲ့ ဘဏ်စနစ်ရဲ့ ဖိနှိပ်မှုတွေက သူ့ကို အနားမပေးခဲ့ပါဘူး။ မရိုးသားတဲ့ ဘဏ်မန်နေဂျာကြောင့် ဖခင်ဖြစ်သူက ဘဝပျက်ပြီး ဘိုးဘွားပိုင်မြေကို ဆုံးရှုံးလိုက်ရတဲ့အခါမှာတော့ ကာရာဟာ သူစွန့်လွှတ်ခဲ့တဲ့ "ဖောက်ထွင်းရေး အတတ်" ကို ပြန်လည်အသုံးချဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူဟာ ကိုယ်ကျိုးအတွက်မဟုတ်ဘဲ စနစ်ဆိုးရဲ့ထောင်ချောက်ထဲမှာ ဘဝပျက်နေရတဲ့ လယ်သမားတွေနဲ့ ရွာသားတွေအတွက် ဘဏ်တွေကို ပြန်လည်ပစ်မှတ်ထား တိုက်ခိုက်ပါတော့တယ်။ ရဲအရာရှိတွေရဲ့ လိုက်လံဖမ်းဆီးမှု၊ ဘဏ်မန်နေဂျာရဲ့ ယုတ်မာမှုတွေကြားထဲမှာ ကာရာ တစ်ယောက် ရွာသားတွေရဲ့ မြေစာချုပ်တွေကို ဘယ်လိုပြန်လည်ရယူပေးမလဲ။ သူကိုယ်တိုင်ရော အေးချမ်းတဲ့ ဘဝကို ပိုင်ဆိုင်ခွင့်ရပါ့မလားဆိုတာကို ရင်သပ်ရှုမောဖွယ်ကြည့်ရှုခံစားကြရမယ့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size… 8.8 GB / 2.5 GB / 1.3 GB Quality…WEB DL 4k HEVC / WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 39m Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်