Som Pla Noi
စုမ်ဆိုတဲ့ ကောင်မလေးအတွက် ချစ်သူရွေးဖို့ ဆုံးဖြတ်ရခက်နေပါတယ်။ မြို့သားလေး ပလားက သူ့ကို မြင်မြင်ချင်း စွဲလမ်းသွားသူဖြစ်ပြီး ရွာမှာပဲ မွေးဖွားကြီးပြင်းလာတဲ့ သူငယ်ချင်း နွိုင်ကတော့ အရင်ကတည်းက သူ့ကို ချစ်နေခဲ့သူပါ။ စုမ်က ဒီနှစ်ယောက်ထဲက ဘယ်သူ့ကို ရွေးမလဲဆိုတဲ့ သုံးပွင့်ဆိုင်အချစ်အကြောင်းကို ဟာသနဲ့ ရောစပ်ထားပါတယ်။ သူတို့သုံးယောက်ရဲ့အကြောင်းကြားမှာ ဆရာတော်ချိုင်နဲ့ ကပ္ပိယနှစ်ယောက်တို့ရဲ့ အလွဲတွေကိုလည်း ထည့်ထားတယ်။ ဇာတ်လမ်းတစ်လျှောက် သီချင်းတွေနဲ့ ပုံဖော်ထားပြီး ဟာသသီချင်းတွေ၊ အဆွေးသီချင်းတွေပါ ပါဝင်ပါတယ်။ ၂၀၂၁ ခုနှစ်ထွက် ထိုင်းအချစ်ဟာသရုပ်ရှင်ဖြစ်ပြီး စုမ်အဖြစ် Oom Eisaya Hosuwon၊ နွိုင်အဖြစ် Tono Phakin Khamwilaisak နဲ့ ပလားအဖြစ် Toey Apiwat Boonanak တို့ သရုပ်ဆောင်ထားပါတယ်။ ဝါရင့်သရုပ်ဆောင်တွေလည်း ပါဝင်အားဖြည့်ထားကြပါတယ်။
ဇာတ်လမ်းအကြောင်း