ဇာတ်ကားများ ရွေးရန်

Luck

2022ဇာတ်ကားအမှတ် 7.9/10105 မိနစ်

ဆမ်က မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာတဲ့ ကောင်မလေးတစ်ယောက်ပါ။ ငယ်ငယ်ကတည်းက ကံဆိုးတတ်ပြီး ဘာလုပ်လုပ် အလွဲလွဲအချော်ချော် ဖြစ်နေတတ်တယ်။ မွေးစားမယ့် မိဘလည်း မတွေ့ခဲ့ဘဲ အသက် ၁၈ နှစ် ပြည့်သွားတဲ့အခါ ဂေဟာကနေ ထွက်ပြီး ကိုယ်ပိုင်အခန်းမှာနေ၊ အလုပ်လုပ်နေရပါတယ်။ တစ်နေ့မှာတော့ ကိုယ်ဘာကြောင့် ဒီလောက်ကံဆိုးနေရတာလဲဆိုတဲ့ အဖြေကို မထင်မှတ်ဘဲ တွေ့သွားတယ်။ တကယ်တော့ လူတွေဆီကို ကံကောင်းခြင်းနဲ့ ကံဆိုးခြင်းတွေ ပို့ပေးနေတဲ့ နေရာတွေ ရှိနေပါတယ်။ အဲဒီနေရာတွေမှာ ဌာနအမျိုးမျိုးခွဲထားပြီး သတ္တဝါမျိုးစုံက ကံကောင်းနည်း၊ ကံဆိုးနည်းတွေကို စီမံထုတ်လုပ်ကာ လူတွေဆီ ကြုံသလို ပို့ပေးနေကြတာပါ။ ဆမ်တစ်ယောက် အဲဒီကမ္ဘာတွေဆီ မတော်တဆ ရောက်သွားတဲ့အခါ သူအလိုချင်ဆုံး ဆန္ဒတစ်ခုအတွက် ကံကောင်းဖို့ ကြိုးစားလာပါတယ်။

ဇာတ်လမ်းအကြောင်း