Ram Setu
အာရှေးကူမာ သရုပ်ဆောင်ထားတဲ့ အာရန်ဟာ ဘာသာတရားနဲ့ ဘုရားကို အယုံအကြည်မရှိတဲ့ ရှေးဟောင်းသုတေသနပညာရှင်တစ်ယောက်ပါ။ အချက်အလက်ရှိပြီး သက်သေပြနိုင်တဲ့အရာကိုပဲ ယုံတတ်သူဖြစ်ပါတယ်။ အရှင်ရာမကို ကိုးကွယ်ယုံကြည်သူတွေကတော့ ရမ်ဆက်တူတံတားကို အရှင်ရာမ တည်ဆောက်ခဲ့တာလို့ ယုံကြည်ထားကြတယ်။ အစိုးရဘက်က ကုန်သွယ်ရေးကိစ္စတစ်ခုအတွက် အဲဒီတံတားကို ဖြိုချဖို့ စီစဉ်လာတဲ့အခါ ပြည်သူတွေက ကန့်ကွက်ဆူပူလာကြပါတယ်။ ဒီအခြေအနေမှာ ရမ်ဆက်တူဟာ လူဖန်တီးထားတဲ့တံတားမဟုတ်ဘဲ သဘာဝအလျောက် ဖြစ်တည်လာတာဖြစ်ကြောင်း သက်သေပြဖို့ အာရန်ကို တာဝန်ပေးလာတယ်။ တံတားကို ထိန်းသိမ်းချင်တဲ့ ပြည်သူတွေရဲ့ ယုံကြည်မှု၊ အစိုးရရဲ့ စီးပွားရေးရည်ရွယ်ချက်နဲ့ အာရန် ရှာဖွေဖော်ထုတ်ရမယ့် အထောက်အထားတွေကြားမှာ အငြင်းပွားမှုတွေ ဖြစ်လာပါတော့တယ်။
ဇာတ်လမ်းအကြောင်း