ဇာတ်ကားများ ရွေးရန်

DC League of Super-Pets

2022ဇာတ်ကားအမှတ် 7.4/10105 မိနစ်4K

စူပါမန်းရဲ့ခွေး ခရစ်ပတိုနဲ့ သူ့သူငယ်ချင်း အေ့စ်တို့ကို အဓိကထားပြီး DC စူပါဟီးရိုးတွေရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေအကြောင်း ရိုက်ကူးထားတဲ့ အန်နီမေးရှင်းပါ။ ခရစ်ပတိုအဖြစ် The Rock၊ အေ့စ်အဖြစ် ကယ်ဗင်ဟာ့တို့က အသံသရုပ်ဆောင်ထားကြပြီး ဘတ်မန်းနေရာမှာ ကီရာနူးရိဗ်၊ စူပါမန်းနေရာမှာ ဂျွန်ကရာဆင်းစကီးတို့ ပါဝင်ထားပါတယ်။ တိရစ္ဆာန်လေးတွေရဲ့ စွန့်စားခန်းတွေကို အက်ရှင်နဲ့ ဟာသရောစပ်ပြီး မိသားစုအတူ ကြည့်နိုင်တဲ့ပုံစံနဲ့ တင်ဆက်ထားတာပါ။ လက်စ်လူသာရဲ့ စမ်းသပ်ခန်းကနေ လွတ်လာတဲ့ လူလူဆိုတဲ့ ပူးလေးဟာ စူပါစွမ်းအားတွေ ရသွားပြီး ဂျက်စတစ်လိဂ်တစ်ဖွဲ့လုံးကို ဖမ်းထားလိုက်တယ်။ လူလူက လက်စ်လူသာကို ကယ်တင်ပြီး ကမ္ဘာကြီးကို အုပ်စိုးဖို့အထိ ကြံစည်နေတာပါ။ ဒီအခါ ခရစ်ပတိုတို့ စူပါတိရစ္ဆာန်အဖွဲ့က ပူးပေါင်းပြီး ဖမ်းဆီးခံထားရသူတွေကို ဘယ်လိုကယ်တင်ကြမလဲဆိုတာ ဆက်ကြည့်ရမှာဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း